တစ်ပိုင်တစ်နိုင် မိသားစုစီးပွားရေးအတွက်သာမက ပရဟိတလုပ်ငန်းများအတွက်ပါ အထောက်အကူပြုသည့် ပြည်မြို့မှ Y2K ဆေးဂွမ်းလုပ်ငန်း

 

တွေ့ဆုံမေးမြန်း- ခင်ရွှေဝါဖူး (ပြန်/ဆက်)၊ ဓာတ်ပုံ- ကိုဆက်၊ ကိုစိုး

ဂွမ်းကို အကြမ်းထည်အဆင့်မှသည် သန့်စင်ပြီး ဆေးရုံသုံး ဆေးဂွမ်းများအဖြစ် ပဲခူးတိုင်းဒေသကြီး အတွင်း ပထမဆုံးထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ပုံ၊ ၎င်းတို့ ၏ ကုန်ပစ္စည်းများကို   မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးအတွက်သာမက ပရဟိတလုပ်ငန်းများ တွင်ပါ ကူညီထောက်ပံ့ခဲ့မှုများ၊ MSME လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်     ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍  Y2K ဂွမ်းလုပ်ငန်းမှ မန်နေဂျာ ကိုဇာနည် နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်။ 
မေး    ။    ။    Y2K အမှတ်တံဆိပ် စတင်ပေါ်ပေါက်             လာပုံကို အရင်ဆုံးသိပါရစေ။
ဖြေ    ။    ။     Y2K အမှတ်တံဆိပ် အမည်ပေးဖြစ်တာ             ကတော့ Year 2000 မှာ စတင်အကောင် အထည်ဖော်ခဲ့တဲ့အတွက် အဲဒါကိုအစွဲပြုပြီး Y2K ဆိုပြီး ထုတ်လုပ်ဖြစ်တာပါ။ ဒီလုပ်ငန်းဟာ မိသားစု လုပ်ငန်းဖြစ်တဲ့အတွက် ဆက်ပြီးလုပ်ကိုင်ဖြစ်တာပါ။
မေး    ။    ။    ဝါကုန်ကြမ်းကို    ဘယ်မြို့နယ်ကနေ             ဝယ်ယူအသုံးပြုပါသလဲ၊ ပစ္စည်းအမျိုး အစား ဘယ်နှမျိုး ထုတ်လုပ်ပါသလဲ။ 
ဖြေ    ။    ။    ဝါကုန်ကြမ်းကိုတော့        ပြည်ခရိုင်             ပေါက်ခေါင်းမြို့နယ်ကနေ ဝယ်ယူပါ တယ်။ ဝါကြီးကနေ စတင်ဝယ်ယူပြီး   အဲဒီကနေ တစ်ဆင့် ချည်မျှင်ရှည်ဝါနဲ့လည်း လုပ်ငန်းဆောင်ရွက် ပါတယ်။ Y2K  အမည်နဲ့    ဂွမ်းနဲ့ပတ်တီးတွေ ထုတ်လုပ်ပါတယ်။ လူတိုင်းဝယ်ယူအသုံးပြုနိုင်တဲ့ ဈေးနှုန်းဖြစ်တဲ့ ငွေတစ်ရာကျပ်မှစပြီး တစ်ထောင် နီးပါးအထိ   ဘက်စုံသုံးနဲ့     ဆေးရုံသုံးဂွမ်းတွေ ထုတ်လုပ်ထားပါတယ်။
မေး    ။    ။    ဝါကုန်ကြမ်းကနေ သန့်စင်ပြီး ဆေးဂွမ်း             ထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းပြပါဦး။
ဖြေ    ။    ။    ပထမအဆင့်အနေနဲ့ ဝါကုန်ကြမ်းတွေ             ကို အစေ့ထုတ်ပြီး ဖွရပါတယ်။ ပြီးရင် ပေါင်းအိုး (Boiler)ထဲမှာ Caustic နဲ့ ထည့်ပေါင်း လိုက်တဲ့အခါမှာ Caustic က အစေ့တွေရော အမှုန်၊ အမွှားတွေပါ  စားသွားပါတယ်။ အချိန်အားဖြင့် အနည်းဆုံး ရှစ်နာရီကြာအောင် ပေါင်းပေးရပါတယ်။ စုပ်ယူမှုအားကောင်းတဲ့ သန့်စင်ပြီး  ဆေးဂွမ်းတွေ ရရှိအောင် အချိန်ကြာကြာ  ပေါင်းပေးရပါတယ်။ ဒုတိယအဆင့်အနေနဲ့  ပေါင်းပြီးသားဂွမ်းတွေကို လျှော်စက်နဲ့ ရေဆေးသန့်စင်ပြီး    ပိုးသတ်ဆေး (Rational Powder)နဲ့ အဖြူပြန်ချွတ်ပါတယ်။ နောက် တတိယအဆင့်အနေနဲ့ ရေခါပြီး ရေနွေးငွေ့ စက်နဲ့ အခြောက်ပြန်ခံပါတယ်။ စတုတ္ထအဆင့်အနေ နဲ့ကတော့    အခြောက်ခံပြီးသား ဂွမ်းဖတ်တွေကို ဂွမ်းဖွစက်နဲ့ ပြန်ဖွတဲ့အခါမှာ အစေ့တွေ ပြုတ်ကျ လာပါတယ်။ ပဉ္စမအဆင့်အနေနဲ့ ဖွပြီးသားဂွမ်းတွေ ကို ဂွမ်းလုံးဗိုင်းငင်စက် (Cotton Ball) နဲ့ ဂွမ်းဖြတ် စက် (Auto Cutter) ပေါ်တင်ပေးပြီးရင်တော့ဖြူဖွေး သန့်စင်တဲ့ဆေးဂွမ်းတွေကို ရရှိပါပြီ။ နောက်ဆုံး အဆင့်ကတော့    ထုပ်ပိုးခြင်းလုပ်ပြီးရင်တော့      စတင်ဖြန့်ဖြူးရောင်းချလို့ရပါပြီ။ 
မေး    ။    ။    စက်ရုံက ထုတ်လုပ်တဲ့ ဝါဂွမ်းတွေကို             ဘယ်နေရာဒေသတွေကို    ပို့ဆောင် ဖြန့်ဖြူးပါသလဲ။
ဖြေ    ။    ။    ကျွန်တော်တို့အနေနဲ့ မကွေး၊ မန္တလေး၊             ဧရာဝတီနဲ့  ရန်ကုန်တိုင်းဒေသကြီး တို့ကို ဖြန့်ဖြူးပို့ဆောင်ပေးပါတယ်။   အခြားတိုင်း ဒေသကြီးတွေမှာ ဂွမ်းထုတ်လုပ်မှုတွေ ရှိပေမယ့် လည်း ထုတ်လုပ်ပုံ အရည်အသွေးတွေ မတူညီကြတဲ့ အတွက် အမှာစာတွေကတော့ ဆက်တိုက်ရှိနေပါ တယ်။
မေး    ။    ။    ဂွမ်းထုတ်လုပ်ရာမှာ   ထွက်ရှိလာတဲ့             အလေအလွင့်ဂွမ်းတွေကို   ဘယ်လို နေရာတွေမှာ ပြန်လည်အသုံးချပါသလဲ။
ဖြေ    ။    ။    အလေအလွင့်ဂွမ်းတွေကလည်း တန်ဖိုး             ရှိပါတယ်။     ပစ်ပယ်လို့မရပါဘူး။ ခေါင်းအုံး၊ ဖက်လုံးနဲ့   အရုပ်ရောင်းတဲ့သူတွေက လာဝယ်ပြီး ပြန်အသုံးပြုကြတာ များပါတယ်။
မေး    ။    ။    စက်ရုံအတွင်း တစ်စုံတစ်ရာ မီးဘေး             အန္တရာယ်မဖြစ်ပေါ်အောင် ထိန်းသိမ်းမှု အကြောင်းကိုလည်း သိရှိပါရစေ။
ဖြေ    ။    ။    ဟုတ်ကဲ့ပါ။ ဂွမ်းဟာ မီးလောင်လွယ်တဲ့             လောင်စာတစ်မျိုးဖြစ်တယ်။ စက်ရုံရဲ့ စက်အပူရှိန်တွေ ဂွမ်းကို မကူးစက်အောင် လုံခြုံမှု စနစ်တွေဖြစ်တဲ့ Auto Alarm စက်တွေထားရှိခြင်း၊ မီးသတ်ဆေးဘူးတွေ    လုံလောက်စွာထားရှိခြင်း တို့အပြင် စက်ရုံလုပ်သားဝန်ထမ်းတွေကို စက်ရုံ အတွင်း လုံးဝဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ဖို့ စည်းကမ်းသတ်မှတ်ချက်တွေ ထားရှိပါတယ်။
မေး    ။    ။    စက်ရုံစတင်     လည်ပတ်စဉ်ကစပြီး             လက်ရှိကာလအကြား ရင်ဆိုင်ကြုံတွေ့ ခဲ့ရတဲ့ အခက်အခဲတွေရှိရင်လည်း ပြောပေးပါဦး။
ဖြေ    ။    ။    အခက်အခဲနဲ့   စိန်ခေါ်မှုတွေကတော့             များပါတယ်။ စတင်ထူထောင်စဉ်တုန်း က စက်ပစ္စည်း၊ နည်းပညာတွေ မထွန်းကားသေး တော့ လူအင်အားနဲ့ပဲ Manual သွားရတော့ အချိန် ကုန်ပါတယ်။ နောက်ပိုင်း   သုံးနှစ်လောက်ကြာမှ ငွေကြေးလည်ပတ်မှုနဲ့ နည်းပညာလည်းလေ့လာ၊ စက်ပစ္စည်းတွေလည်း   တိုးချဲ့လာနိုင်တဲ့အတွက် အချိန်ကုန်သက်သာလာတယ်။ ကိုဗစ်-၁၉ ဖြစ်ပွား ဆဲ ကာလတုန်းကဆိုရင် ဖုန်းနဲ့မှာယူတဲ့ အမှာစာ တွေ အများကြီးရှိပေမယ့်လည်း သွားပြီးမပို့နိုင်တဲ့ အခါမှာ ငွေပြန်အမ်းရတာမျိုးတွေ   ရှိခဲ့ပါတယ်။ အခုလက်ရှိကာလမှာတော့ စက်ရုံပုံမှန်လည်ပတ် လာနိုင်ပြီး ဖြန့်ဖြူးရောင်းချရတာ    အဆင်ပြေပါ တယ်။ ဒီထက်ပိုပြီး စက်ပစ္စည်းတွေစုံလင်အောင် ဖြည့်တင်းပြီး အဆင့်မြှင့်တင်ဖို့လည်း ကြိုးစားနေ ရပါတယ်။
မေး    ။    ။    Y2K ကုန်ပစ္စည်းတွေဟာ အများပြည်သူ             အတွက် ဘယ်လောက်အထိ    အကျိုး သက်ရောက်ရှိတယ်လို့ ထင်မြင်ယူဆပါသလဲ။
ဖြေ    ။    ။    အများပြည်သူအနေနဲ့ ဂွမ်းကို ဘက်စုံ             အသုံးပြုလို့ရသလို ဆေးရုံ၊ ဆေးခန်း တွေမှာ မရှိမဖြစ် အသုံးပြုရပါတယ်။ ကျွန်တော်တို့ Y2K အနေနဲ့ မိသားစု   တစ်ပိုင်တစ်နိုင်စီးပွားရေး အတွက်သာမက ပရဟိတအဖြစ်ပါ  လိုအပ်တဲ့နေရာ တွေမှာ ကူညီလှူဒါန်းမှုတွေ ဆောင်ရွက်လျက်ရှိပါ တယ်။ မီးဘေး၊ သဘာဝဘေးဖြစ်ပွားပြီး ထိခိုက်မှု ဖြစ်ပွားသူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီ ကယ်ဆယ်ခွင့်ရတဲ့အတွက်လည်း  ဒီလုပ်ငန်းကို လုပ်ကိုင်ရကျိုးနပ်တယ်လို့ နှလုံးသွင်းထားပါတယ်။
မေး    ။    ။    မြန်မာနိုင်ငံရဲ့   MSME    ကဏ္ဍဖွံ့ဖြိုး             တိုးတက်မှုအပိုင်းမှာ   အစိုးရအနေနဲ့ ကူညီပံ့ပိုးပေးမှုအပိုင်းကိုလည်း သိပါရစေ။
ဖြေ    ။    ။ ကျွန်တော်တို့ Y2K ဟာ မိသားစု တစ်ပိုင်         တစ်နိုင် လက်ငုတ်လက်ရင်း လုပ်ငန်းလေး တစ်ခုဖြစ်ပါတယ်။ စတင်လုပ်ကိုင်စဉ်က   ရိုးရာ ဗိုင်းငင်စက်၊ ချည်ပေါင်းစက်၊ မီးဖိုနဲ့  ရေနွေးငွေ့ ပေါင်းစက်စတာတွေနဲ့  သမားရိုးကျလုပ်ကိုင်ခဲ့ရာမှ ယခုအခါ    MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအဖြစ် နိုင်ငံတော်အစိုးရက   ကိုယ်ပိုင်မိရိုးဖလာလုပ်ငန်း လေးတွေကို အားပေးမြှင့်တင်ပေးတဲ့အနေနဲ့ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ MSME ချေးငွေ ကျပ် သိန်း ၃၀၀ ကိုလည်း ချေးယူရရှိထားပြီး   စက်ရုံ အတွက် လိုအပ်နေသေးတဲ့ စက်ပစ္စည်းတွေ ဝယ်ယူ ဖြည့်တင်းနိုင်ခဲ့ပါတယ်။ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက် ဖို့အတွက် ကိုယ့်ဒေသရဲ့ထွက်ကုန်တွေကို ဖော်ထုတ် မြှင့်တင်ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပွင့်လန်း လာမှာ ဖြစ်ပါတယ်။
မေး    ။    ။    အခြား ဖြည့်စွက်ပြောကြားလိုတာရှိရင်             လည်း ပြောပေးပါဦး။
ဖြေ    ။    ။    ကျွန်တော်တို့နိုင်ငံမှာ ယခုလို MSMS             ကဏ္ဍဖွံ့ဖြိုးဖို့ဆိုရင် လုပ်ငန်းလုပ်ငန်းသူ များ အများကြီးပေါ်ထွက်လာဖို့   လိုအပ်ပါတယ်။ ဒါမှသာ တိုင်းပြည်စီးပွားရေးမြင့်မားပြီး နိုင်ငံတကာ ကို ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်ပစ္စည်းများကိုလည်း    အများပြည်သူရဲ့ အရေးပေါ်ကျန်းမာရေး ကိစ္စရပ်တွေမှာ လိုအပ်ခဲ့ရင် လှူဒါန်းပေးသွားပါ့မယ်။    ။