တာမိုးညဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ၌ အခက်အခဲကြုံတွေ့နေရသော ပြည်သူများအတွက် စားသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ် ထောက်ပံ့ပေးအပ်လှူဒါန်း

 

တာမိုးညဲ   အောက်တိုဘာ  ၆


ရှမ်းပြည်နယ်    (မြောက်ပိုင်း) မူဆယ်ခရိုင် တာမိုးညဲမြို့မန်ဂျယ် ပြည်သူ့စစ်(ဌာနေ)      ရုံးဝင်း၌ ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားနေသည့်ကာလ အတွင်း အခက်အခဲကြုံ​တွေ့နေ ရသော  ပြည်သူများအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မန်ဂျယ်ပြည်သူ့စစ်(ဌာနေ)  အဖွဲ့ ခေါင်းဆောင်  ဦးအောင်ရင်နှင့် ရွှေဖီအောင်ယဉ် ကုမ္ပဏီမိသားစု တို့က  ငွေကျပ်သိန်း ၁၂၅၀ တန်ဖိုး ရှိသော စားသုံးကုန်ပစ္စည်းများနှင့်   ငွေကျပ်သိန်း   ၁၉၀   တန်ဖိုးရှိ    မော်တော်ယာဉ် ထောက်ပံ့လှူဒါန်း​   ပေးအပ်ခြင်း    အခမ်းအနားကို ကျင်းပသည်။


ထိုသို့ စားသောက်ကုန်များ လှူဒါန်းရာတွင်      အခက်အခဲ ကြုံတွေ့နေရသော    ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက်     အခြေခံလူတန်းစား များ၊    ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘာသာရေးကျောင်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့ ဝင်များထံသို့ အိမ်ထောင်စုတစ်စု လျှင် ဆန် ၁၂  ပြည်ပါ တစ်အိတ်နှင့်    ဆီတစ်ပိဿာ၊ စုစုပေါင်း   ဆန် ၅၀၀၀ အိတ်နှင့် ဆီပိဿာ  ၆၀၀၀  တန်ဖိုး  ငွေကျပ်သိန်း ၁၂၅၀ နှင့်   တာမိုးညဲမြို့အတွက်  လိုအပ်သည့် နေရာတွင်အသုံးပြုရန် ငွေကျပ်သိန်း ၁၉၀   တန်ဖိုးရှိ  လူနာတင်ယာဉ် တစ်စီးကို ဖြူစင်မေတ္တာ   နာရေး ကူညီမှုအသင်းသို့ ပေးအပ်လှူဒါန်း ကြောင်း သိရသည်။


အဆိုပါ          အခမ်းအနားသို့   မြို့အထွေထွေ    အုပ်ချုပ်ရေးမှူး       ဦးထွန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊   တာမိုးညဲမြို့ မန်ဂျယ် ပြည်သူ့စစ်(ဌာနေ)မှ   တပ်ဖွဲ့ဝင် များ၊    အလှူ ရှင်နှင့် ဒေသခံများ  တက်ရောက်ကြောင်း သိရသည်။


အယ်လ်စိုး(မူဆယ်)