တာချီလိတ်မြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ငွေကျပ်သိန်း ၇၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

 

နေပြည်တော် နိုဝင်ဘာ ၂၃
တာချီလိတ်မြို့နယ်နှင့်     ရွာငံမြို့နယ်တို့တွင်      ငွေကျပ် သိန်း ၇၇၀၀   ကျော်တန်ဖိုးရှိ   မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး      ရဲတပ် ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်   နိုဝင်ဘာ  ၂၁  ရက် မွန်းလွဲ ၁ နာရီတွင် တာချီလိတ်မြို့နယ်     ဖန်မင် ကျေးရွာအုပ်စု ဝမ်ကျောက်လုံကျေးရွာအနီးတွင် စိုင်းဆိုင် လောင် (၂၅) နှစ် မောင်းနှင်ပြီး စိုင်းညီညီလင်း (ခ) စိုင်းဉာဏ် လင်း     (၂၄)    နှစ်နှင့် မနန်းယွန်းသီရိအောင် (ခ)ယွန်းယွန်း (၂၃) နှစ်တို့ လိုက်ပါလာသည့် Crown မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ အိုက်စ် (မက်အဖက်တမင်း)   ကီလို   ၅၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၁ နာရီခွဲ တွင် တာချီလိတ်မြို့နယ် ဖန်မင် ကျေးရွာအုပ်စု မယ်ယန်းကျေးရွာ အိမ်အမှတ်  (၂၂၆)  ရှိ  စိုင်းဆိုင် လောင်    ငှားရမ်းနေထိုင်သော နေအိမ် အိပ်ခန်းအတွင်းမှ အိုက်စ် (မက်အဖက်တမင်း)   ၉  ဒသမ  ၉၅ ကီလို ထပ်မံသိမ်းဆည်း ရမိခဲ့ သဖြင့်  ဒေသကာလ   တန်ဖိုး ငွေကျပ်   ၄၇၉၆   သိန်း   တန်ဖိုးရှိ စုစုပေါင်း  အိုက်စ်  (မက်အဖက်တမင်း)  ၅၉  ဒသမ  ၉၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း  သိရသည်။ 
အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်    နိုဝင်ဘာ   ၂၁   ရက် နံနက် ၉  နာရီခွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ် သွားကားလမ်း၊ ယုန်တောင် ကျေးရွာအနီးတွင် ရွာငံမှ  ဟံမြင့်မိုရ်ဘက်သို့ ဇော်မင်းဦး   (ခ)   တာတေကြီး  (၃၉)  နှစ် မောင်းနှင်လာသည့်  ပရို ဘောက် မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ    ဒေသ ကာလတန်ဖိုး    ငွေကျပ်သိန်း   ၃၀၀၀    တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း  သိမ်းဆည်းရမိခဲ့သဖြင့်      ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု       ကျူးလွန်သူများအား    ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း  သိရသည်။                         သတင်းစဉ်