
နေပြည်တော် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ငွေကျပ် ၂၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီခွဲတွင် တာချီလိတ် မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ မအီရှဲန်ကျွဲ့ ၏ နေအိမ် ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၂၈ ဘီလီယံကျော်တန်ဖိုးရှိ Ecstasy ဆေးပြား ၆၁၆၀၀၀၊ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသော အမှုန့် (Happy Water) ၁၁၃ ဒသမ ၀၄ ကီလို၊ Erimin-5 ဆေးပြား ၃၅၀၀၀ နှင့် Honda မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ရှိပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်ပါဝင်သူ များ၏ ငွေကြေးပစ္စည်းများ၊ ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ထပ်မံ အရေးယူနိုင်ရေးနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်