
နေပြည်တော် နိုဝင်ဘာ ၉
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး များ ရောစပ်ထားသော အမှုန့် (Happy Water) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာ ၈ ရက် ညနေ ၅ နာရီတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ကံ့ကော်လမ်းတွင် အိုက်ဥ မောင်းနှင်ပြီး အိုက်ကောင် ကျောက် (ခ) အောင်နိုင်သူ၊ ကျော်နိုင်လင်းနှင့် အိုက် ကျန်းဆုတ်တို့ လိုက်ပါလာ သည့် Crown မော်တော် ယာဉ်ကို သတင်းအရရှာဖွေ ရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ရောစပ်ထားသော အမှုန့် (Happy Water) ၁၂ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့ လေးဦးကို ဥပဒေအရ အရေးယူထားရှိ ပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
သတင်းစဉ်