TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် အပြစ်မဲ့အရပ်သားအမျိုးသမီးငယ် တစ်ဦးသေဆုံးပြီး အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  ဩဂုတ်  ၃၀


ရှမ်းပြည်နယ်       (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်     နမ့်ဖတ်ကာ ကျေးရွာအတွင်းသို့ TNLA အဖွဲ့ဝင် များက ရည်ရွယ်ချက်ရှိရှိ လက်နက် ကြီးများဖြင့်     ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် ၁၆ နှစ်အရွယ်   အပြစ်မဲ့ အရပ်သားအမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး  အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ  ယနေ့နံနက် ၁၀ နာရီခွဲတွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာ၏   တောင် ဘက်   မီတာ ၅၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့်   ကျေးရွာ အတွင်းသို့     ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၆ နှစ် အရွယ်       အပြစ်မဲ့အရပ်သား အမျိုးသမီးငယ်တစ်ဦး သေဆုံး၍ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး    ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး TNLA အဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာ၏ အနောက်တောင်ဘက် သို့  ဆုတ်ခွာသွားကြောင်း  သိရှိရ သည်။


အဆိုပါ    ဒဏ်ရာရရှိသူများ အား    လုံခြုံရေးတပ်ဖွဲ့ဝင်များ က    ကွတ်ခိုင်ပြည်သူ့ဆေးရုံနှင့် နယ်မြေခံ     ဆေးတပ်ရင်းများသို့ ပို့ဆောင်၍   ဆေးကုသမှုခံယူ စေလျက်ရှိကြောင်းနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နမ့်ဖတ် ကာကျေးရွာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား လိုအပ်သည့် နယ်မြေ လုံခြုံရေးနှင့်    နယ်မြေစိုးမိုးရေး လုပ်ငန်းများ  ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း    သတင်း ရရှိသည်။                

 သတင်းစဉ်