ထုတ်ကုန်များ အရည်အသွေးကောင်းမွန်၍ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေးနှင့်  ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်ကြရန် မှာကြား

 

 

နေပြည်တော် ဒီဇင်ဘာ ၁၃
စက်မှုဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာချာလီသန်း သည်    မကွေးတိုင်းဒေသကြီး    စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် နှင့်အတူ   ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင်   မကွေးတိုင်း ဒေသကြီး      ပွင့်ဖြူမြို့နယ်ရှိ အမှတ်(၄)အထည်     စက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်း လည်ပတ်  အကောင်အထည်ဖော် ဆောင်ရွက်နေမှု   အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီ အမံများကို ရှင်လင်းတင်ပြသည်။
ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးက   လုပ်ငန်းများဆောင် ရွက်ရာတွင်  ပညာအရည်အချင်း အပြင်      လုပ်ငန်းဆိုင်ရာနှင့် ပတ်သက်သည့်    အတတ်ပညာ ကျွမ်းကျင်မှုရှိရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏       တစ်ဦးချင်း ကျွမ်းကျင်မှု အရည်အချင်းများကို အကျိုးရှိရန် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ထုတ်ကုန် အရည်အသွေးပြည့်ဝပြီး အရည် အသွေးအာမခံချက်ရှိသော စက်ရုံ ဖြစ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ ၏   စွမ်းဆောင်ရည်    တိုးတက် မြင့်မားစေရေးအတွက် လေ့ကျင့် သင်ကြား   ပြုစုပျိုးထောင်ရမည် ဖြစ်ကြောင်း၊ မြေ၊ အဆောက်အဦ၊ စက်နှင့်စက်ပစ္စည်း စသည့် Asset Management များကို အလေး ထား     ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထုတ်ကုန်များ အရည် အသွေးကောင်းမွန်၍    ဈေးနှုန်း ချိုသာစွာ ရောင်းချနိုင်ရေးအတွက် အလေအလွင့်    မရှိအောင်နှင့် အသုံးစရိတ်များကို ခြိုးခြံချွေတာ ရမည်ဖြစ်ကြောင်း၊   စက်ရုံအနေ ဖြင့်   ကြုံတွေ့လာမည့်  အခက်ခဲ များကို ညီညွတ်စွာဆောင်ရွက်၍ ဝန်ထမ်းများ၏   ပေါင်းစည်းအား ဖြင့် ကျော်လွှားရမည်ဖြစ် ကြောင်း ပြောကြားသည်။ 
ထို့နောက်      ပြည်ထောင်စု ဝန်ကြီးသည်   Root   Cause Analysis နှင့်  ပတ်သက်သည့် ဆောင်ရွက်ရမည့်    လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို    ဝန်ထမ်းများ အား    ရှင်းလင်းဆွေးနွေးခဲ့ပြီး စက်ရုံအတွင်း   ကုန်ထုတ်လုပ်မှု လုပ်ငန်း           အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်  မကွေးတိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိ ပြီး    ဝန်ထမ်းများနှင့်  တွေ့ဆုံ၍ အသေးစား၊     အငယ်စားနှင့် အလတ်စား   စီးပွားရေးလုပ်ငန်း များ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျပြီး              ထိရောက် အောင်မြင်မှုရှိသော   ကူညီပံ့ပိုးမှု များကို       ဖြည့်ဆည်းပေးရန်၊ အသေးစား၊       အငယ်စားနှင့် အလတ်စား   စီးပွားရေးလုပ်ငန်း များ၏  လိုအပ်ချက်များကို  သိရှိ နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရန်၊           အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများသည် အကြီးစား စက်မှုလုပ်ငန်းများကို  ထောက်ပံ့ နိုင်သည့်   စက်မှုလုပ်ငန်းများဖြစ် ရန်      ဆောင်ရွက်ပေးရန်နှင့် ထုတ်ကုန်  ပစ္စည်းများကိုလည်း ပြည်ပသို့   တင်ပို့နိုင်သည်အထိ နည်းပညာ       အကူအညီများ ပေါင်းစပ်ညှိနှိုင်း      ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်        အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက် ရေးအတွက်    နိုင်ငံတကာတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း စဉ်များနှင့်   ပြုစုထားရှိသည့် စာတမ်းများကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်