
ဝါရှင်တန် သြဂုတ် ၂၀
နိုဝင်ဘာသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိပါက စီးပွားရေးလုပ်ငန်းရှင်အီလွန်မာ့ခ်ကို ဝန်ကြီးအဖွဲ့ သို့မဟုတ် အကြံပေးရာထူး ခန့်အပ်ရန် စဉ်းစားသွားမည်ဟု အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ပြောကြားချက်ကို မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
ပင်ဆယ်လ် ဗေးနီးယားတွင် တနင်္လာနေ့က ကျင်းပပြုလုပ်ခဲ့ သည့် မဲဆွယ်စည်းရုံးပွဲအပြီး သတင်းဌာနတစ်ခုနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ရီပတ်ဘလီကင် သမ္မတလောင်း ထရမ့်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ပြောသည့် အတိုင်းသာ အမှန်တကယ်ပြုလုပ်မည်ဆိုပါက ထရမ့်သည် အလွန်ထက်မြက် ထူးချွန်သူ တစ်ယောက်ဖြစ်သည် ဟု အဆိုပါ သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။
မာ့ခ်ပိုင်ဆိုင်သော လူမှု မီဒီယာXပေါ်တွင် သြဂုတ် ၁၂ ရက် က ထရမ့်နှင့်မာ့ခ်တို့ နှစ်နာရီ ကြာ ဆွေးနွေးပြောဆိုခဲ့ကြသည်။ ထရမ့်သည် အခွန်အသုံးပြု ခြင်းနှင့် အခြားကိစ္စရပ်များတွင် ထိရောက်မှုကို လေ့လာနိုင်ရန် အစိုးရကော်မရှင်တစ်ရပ်ဖွဲ့စည်းသင့်ကြောင်း တက်စ်လာအမှု ဆောင်အရာရှိချုပ် တစ်ဦးဖြစ် သည့် မာ့ခ်က အကြံပေးခဲ့သည်။
မာ့ခ်သည် လွန်ခဲ့သည့် လေးနှစ်က အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို မဲပေးခဲ့သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။
ဇူလိုင်လ မဲဆွယ်စည်းရုံးပွဲ လှုပ်ရှားမှုတွင် အမေရိကန် သမ္မတဟောင်းထရမ့် လုပ်ကြံ သတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့ ပြီးနောက် မကြာမီတွင် ထရမ့်ကို ထောက်ခံကြောင်း မာ့ခ်က ပြောကြားခဲ့သည်။
ထိုအချိန်မှစပြီး ၎င်းတို့နှစ်ဦး ပိုမိုရင်းနှီးခဲ့ကြသည်ဟု ထရမ့်က မဲဆွယ်စည်းရုံးမှုတိုင်း မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိ သည်။
အင်န်အိတ်ချ်ကေ