ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက် ဘောလုံးကွင်းအနီးရှိ နေအိမ်များနှင့် ဘာသာရေး အဆောက်အဦများအား PDF အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီး

 

နေပြည်တော်   အောက်တိုဘာ   ၃၀


အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်း ဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို  ပျက်ပြားစေရန်  ရည်ရွယ်ချက်ဖြင့်  အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများ အပြင် အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီး ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 


ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ်အတွင်းရှိ ဟားခါးနှင့် ထန်တလန်မြို့အား ဆက်သွယ်ဖောက်လုပ်ထားသည့် သီးမြစ်ချောင်း တံတားအား    အောက်တိုဘာ ၂၁ ရက်တွင်    ဖောက်ခွဲဖျက်ဆီး၍ ဒေသအတွင်း လမ်းပန်းဆက်သွယ်မှုနှင့် လူမှုစီးပွားဘဝ ပျက်ပြားစေရန် လုပ်ဆောင်ခဲ့သည်။

 


ထို့ပြင် ချင်းပြည်နယ် ထန်တလန်မြို့အတွင်း လုံခြုံရေးဆောင်ရွက် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အောက်တိုဘာ ၂၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင်    အမှတ်(၁)ရပ်ကွက်ရှိ     လမ်းဆုံအနီး၌ PDF အကြမ်းဖက်သမား ငါးဦးခန့် က    လက်လုပ်ဆွဲမိုင်း   သုံးလုံး ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံ ရေး  တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၅၀   တွင်   အကြမ်းဖက်သမား များသည်     အရှေ့မြောက်ဘက် သို့      ဆုတ်ခွာထွက်ပြေးသွားခဲ့ ပြီး ဆုတ်ခွာထွက်ပြေးရာနောက် သို့    လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း     တိုက်ခိုက် စဉ် အကြမ်းဖက်သမားများသည် အမှတ်(၁)ရပ်ကွက်   ဘောလုံး ကွင်း အနီးရှိ နေအိမ်များနှင့် အချို့ မီးလောင်လွယ်သည့်   ပစ္စည်းများ ကို  စုပုံမီးရှို့ဖျက်ဆီး၍  ဆုတ်ခွာသွားခဲ့သည်။ 

 


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့်   မီးငြှိမ်းသတ်ရေးလုပ်ငန်း များကို ဆောင်ရွက်ရန် ပြင်ဆင်ခဲ့ သော်လည်း အကြမ်းဖက်သောင်း ကျန်းသူများ၏    မြို့အတွင်းရှိ နေအိမ်များအတွင်း     ခိုအောင်း ၍   ပစ်ခတ်တိုက်ခိုက်မှုကြောင့် လိုအပ်သည့်လုံခြုံရေး လုပ်ငန်း များကို  ဆောင်ရွက်၍   ယနေ့ နံနက်ပိုင်းတွင်       မြို့အတွင်း ဝင်ရောက်စိစစ်ခဲ့ရာ      ရပ်ကွက် အတွင်းရှိ       ဘုရားရှိခိုးကျောင်း နှစ်ကျောင်း၊ လူနေအိမ် ၇၀ ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။    

 


အကြမ်းဖက်အဖွဲ့  ဖြစ်သည့် NUG အဖွဲ့သည်    မြန်မာနိုင်ငံ အတွင်း   အကြမ်းဖက်လုပ်ငန်း များကို    စတင်ဆောင်ရွက်ရန် စက်တင်ဘာ ၇ ရက်တွင် ကြေညာ ခဲ့ပြီးနောက် လမ်းပန်းဆက်သွယ် ရေး ခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက် မှု    လုပ်ရပ်များကို    မကြာခဏ လုပ်ဆောင်၍     လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့်   နိုင်ငံ အတွင်း တည်ငြိမ်အေးချမ်းမှုမရှိ ကြောင်း ဝါဒဖြန့်ဆောင်ရွက်လျက် ရှိသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်   ဒေသတွင်း  တည်ငြိမ် အေးချမ်းမှုရရှိစေရေးနှင့် တရား ဥပဒေစိုးမိုးမှု    ရှိစေရေးအတွက် လိုအပ်သည့်   လုံခြုံရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်း      သတင်းရရှိသည်။


သတင်းစဉ်