
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့ သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ယနေ့တွင် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်များမှ ကျောင်းအုပ်ကြီး များနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ လာ ရောက်ဖူးမြော်ကြည်ညိုကြသည်။
အဆိုပါ ဘုရားဖူးအဖွဲ့များ သည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီများနှင့် သာသနိက အဆောက်အဦများကို လှည့်လည် ဖူးမြော် ကြည်ညိုလေ့လာကြပြီး ခမ်းနားထည်ဝါစွာ ပူဇော်ထုဆစ် ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား မျက်မြင်ဖူးမြော် တွေ့ရှိရမှုနှင့် အံ့မခန်းဗိသုကာ လက်ရာများဖြင့် တည်ဆောက် ထားသည့် သာသနိကအဆောက် အဦများအား လေ့လာခွင့်ရရှိမှု ရင်တွင်းခံစားချက်များကို မေးမြန်း ရေးသားတင်ပြလိုက်ရပါသည်။
ဒေါက်တာဘဟန် (ပါမောက္ခချုပ်၊ မိတ္ထီလာတက္ကသိုလ်)
ကျွန်တော်တို့ အနေနဲ့ Naypyitaw State Academy မှာ ကျင်းပတဲ့ (၂၃) ကြိမ်မြောက် ဝိဇ္ဇာ နှင့် သိပ္ပံသုတေသနညီလာခံကို တက်ရောက်ကြပြီး ဒီနေ့မှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ ဒီဘုရားကြီးကို အရင်က တည်းက ဖူးမြော်ဖို့ ရည်မှန်းထားခဲ့ ပါတယ်။ အခုမျက်မြင်ဖူးမြော်ရတဲ့ အတွက် လွန်စွာကို ကြည်နူးပီတိ ဖြစ်မိပါတယ်။ ဒီဘုရားကြီးဟာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက် ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးလည်း ဖြစ် တဲ့အတွက် ကျွန်တော်တို့ရဲ့ ဗုဒ္ဓသာသနာတော်ဟာ အဓွန့်ရှည် တည်တံ့ခိုင်မြဲမယ်လို့လည်း ယုံ ကြည်မိပါတယ်။ ဘုရားကြီး တည်ထားပူဇော်ထားတဲ့ ဗိသုကာ လက်ရာတွေဟာလည်း အင်မတန် သပ်ရပ်ပြီး စနစ်တကျနဲ့ ထုဆစ် ထားတာကို တွေ့ရှိရတဲ့အတွက် လည်း မြန်မာ့အနုပညာလက်ရာ ကို အထင်ကြီးလေးစားမိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိတဲ့ ပြည်သူတွေအနေနဲ့လည်း ဒီဘုရားကြီးကို လာရောက်ဖူးမြော် ကြစေလိုပါတယ်။
ဒေါက်တာဝင်းဝင်းသန်း
(ပါမောက္ခချုပ်၊ မြိတ်တက္ကသိုလ်)
ဝိဇ္ဇာနှင့်သိပ္ပံသုတေသန ညီလာ ခံကို တက်ရောက်လာခဲ့ကြတဲ့ ပါမောက္ခချုပ်တွေစုစည်းပြီး ဘုရား ကြီးကို လာရောက်ဖူးမြော်ကြခြင်း ဖြစ်ပါတယ်။ စကျင်ကျောက်နဲ့ ပတ်သက်တဲ့ ထိုင်တော်မူရုပ်ပွား တော်တွေအနက် ကမ္ဘာပေါ်မှာ အကြီးဆုံး ဆင်းတုတော်ကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာ ပီတိဖြစ်မိပါတယ်။ အနုပညာ လက်ရာမှာလည်း စံထားလောက် ပြီး ကြီးမားလေးလံတဲ့ ဆင်းတု တော်ကြီးကို ဒီနေရာအထိ ရောက် ရှိအောင် ပင့်ဆောင်ပူဇော်နိုင်တဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်မအနေနဲ့ ဒီဘုရားကြီး စတင် ဖူးမြော်ခွင့်ပြုတဲ့ အချိန်ကလည်း ဖူးမြော် ဖူးပါတယ်။ အခုကတော့ ဒုတိယအကြိမ်အဖြစ် ပါမောက္ခ ချုပ်တွေ စုစည်းပြီး လာရောက် ဖူးမြော်ကြခြင်း ဖြစ်ပါတယ်။ ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲ ဖို့ ဆောင်ရွက်ထားတဲ့အပိုင်း ကိုလည်း တာဝန်ရှိသူတွေက အသေးစိတ် ရှင်းပြကြတဲ့အတွက် လည်း ကျေးဇူးတင်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အားလုံးက ဒီဘုရားကြီး တည်ထားပူဇော်တဲ့ သတင်းကြား ကတည်းက လာရောက်ဖူးမြော်ကြဖို့ စိတ်အား ထက်သန်နေကြပါတယ်။ အခုဆို ရင် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ ဂုဏ်ယူစွာနဲ့ လာရောက် ဖူးမြော်နေကြတာ ကို တွေ့မြင်ရတဲ့အတွက်လည်း ကြည်နူးမိပါတယ်။
ဒေါက်တာမြတ်ညွန့်
(ပါမောက္ခချုပ်၊ တောင်ငူ
တက္ကသိုလ်)
ကျွန်တော့အနေနဲ့ ဝိဇ္ဇာနှင့် သိပ္ပံသုတေသန ညီလာခံကို တက်ရောက်ပြီး ဘုရားကြီးကို လာရောက် ဖူးမြော်ကြခြင်းဖြစ် ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့တည်ထား ပူဇော်ခဲ့တဲ့ ဘုရားကြီးဟာ အခုဆို ရင် ကမ္ဘာ့အလယ်မှာ ထည်ထည် ဝါဝါ ပေါ်ထွန်းနေပြီ ဖြစ်ပါတယ်။ ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားစေဖို့ ရည်ရွယ် ချက်နဲ့အညီ ဖြစ်ပေါ်လာတဲ့ ဒီဘုရားကြီးဟာ ထေရဝါဒဗုဒ္ဓ ဘာသာနိုင်ငံတွေမှာ သာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ထင်ရှား ပါတယ်။ ဒီလိုထင်ရှားတဲ့ ဘုရား ကြီးကို ဖူးမြော်ရတဲ့အတွက် ကျွန်တော်တို့ ပါမောက္ခချုပ်တွေ အားလုံး ဝမ်းသာပီတိဖြစ်မိပါ တယ်။ နောက်ပြီး ဘုရားကြီးကို တည်ထားပူဇော်ပေးတဲ့ နိုင်ငံတော် အကြီးအကဲနဲ့တကွ တာဝန်ရှိသူ တွေ အားလုံးကိုလည်း ဘုရားဖူး လာပြည်သူများ ကိုယ်စားကျေးဇူး တင်ရှိပါတယ်။ တည်ထားပူဇော် ထားတဲ့ အနုပညာလက်ရာတွေ ဟာလည်း တကယ့်ကို အံ့မခန်း လက်ရာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘုရားကြီးကို မဖြစ် မနေလာရောက် ဖူးမြော်ကြည်ညို ကြစေလိုပါတယ်။
ဦးကျော်လှ
(အငြိမ်းစားနိုင်ငံ့ဝန်ထမ်း)
ဒီမာရဝိဇယ ဘုရားကြီးကို ကျွန်တော် တစ်ယောက်ထဲနဲ့ လာရောက် ဖူးမြော်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အရင်က ရုပ်မြင်သံကြားနဲ့ သတင်းစာတွေ ထဲမှာတော့ ခဏခဏဖူးမြော်ခဲ့ပါ တယ်။ အခုလို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ခွင့်ရအောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင် ရှိပါတယ်။ အခုဘုရားကြီးကို စတင်မြင်တွေ့ရတဲ့ အချိန်မှာ ပြောမပြနိုင်အောင် ဝမ်းသာ ကြည်နူးမှုကို ခံစားခဲ့ရပါတယ်။ ဖူးမြော်လိုက်ရတဲ့အခါမှာလည်း ရင်ထဲမှာ အတော်လေး အေးချမ်း ခဲ့ပါတယ်။ တည်ထားပူဇော်ထား တဲ့ ဗိသုကာလက်ရာတွေဟာ လည်း အံ့မခန်းတွေပါပဲ။ ကျွန်တော့် အနေနဲ့ မိသားစုနဲ့အတူ နောက် တစ်ခေါက် လာရောက်ဖူးမြော်ဖို့ ရည်ရွယ်ထားပါတယ်။ အနယ်နယ် အရပ်ရပ်က ပြည်သူတွေလည်း လာရောက်ဖူးမြော်ကြပါ။ စိတ် အေးချမ်းမှုကို ရရှိကြမှာပါလို့ ပြောလိုပါတယ်။
ဒေါ်သန်းသန်းမော်
(အငြိမ်းစားနိုင်ငံ့ဝန်ထမ်း)
ကျွန်မ ဒီမာရဝိဇယဘုရား ကြီးကို လာရောက်ဖူးမြော်ရမယ် လို့ မသိခင်မှာ နေမကောင်းဖြစ် နေခဲ့တာပါ။ အခုဖူးမြော်နေတဲ့ အချိန်မှာ ရင်ထဲအေးချမ်းပြီး ဝမ်းသာကြည်နူးတဲ့ ခံစားချက်မျိုး ရရှိပါတယ်။ ဘုရားကြီးရဲ့မေတ္တာဓာတ်တွေကြောင့် ကျွန်မရောဂါသက်သာပျောက်ကင်းခဲ့တယ်လို့ ကျွန်မခံယူပါတယ်။ ဘုရားဖူးဖို့ စီစဉ်ပေးတဲ့ နိုင်ငံတော်တာဝန်ရှိသူတွေကိုလည်းအထူးကျေးဇူးတင် ရှိပါတယ်။ ဘုရားကြီး အောင်မြင် စွာ တည်ဆောက်ပူဇော်နိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ဘုရား တာဝန်ရှိသူတွေက အသေးစိတ် ရှင်းလင်း ပြောကြားပေးခဲ့အတွက် အသိအမြင် ဗဟုသုတတွေလည်း များစွာရရှိခဲ့ပါတယ်။ တိုတောင်း လှတဲ့ လူ့ဘဝသက်တမ်းအချိန် လေးအတွင်းမှာ အသက်ရှင် နေထိုင်နေစဉ် ကာလအတွင်း အံ့ဩစရာတွေနဲ့ ပြည့်နေတဲ့ ဒီဘုရားကြီးကို လာရောက်ဖူးမြော် ကြပါလို့ တိုက်တွန်း ပြောကြားလို ပါတယ်။