ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲ မြန်မာအသင်း ရှုံးပွဲကြုံတွေ့

 

နေပြည်တော်  ဧပြီ  ၂၀
ထိုင်းဘောလုံးအဖွဲ့ချုပ်က စီစဉ် ကျင်းပသည့်     ထိုင်းဖိတ်ခေါ် အမျိုးသမီး     ဖူဆယ်ပြိုင်ပွဲ ဖြစ်သည့်    NSDF    Futsal Invitation    Championship 2022  ပြိုင်ပွဲ  အုပ်စု ပထမနေ့ကို ဧပြီ  ၂၀  ရက်က  ထိုင်းနိုင်ငံ၌ ကျင်းပရာ  မြန်မာအသင်း  ရှုံးပွဲ ကြုံတွေ့ခဲ့သည်။
မြန်မာ့လက်ရွေးစင်  အမျိုး သမီး    ဖူဆယ်အသင်းသည်   အုပ်စုအဖွင့်ပွဲအဖြစ်   နာမည်ကြီး ထိုင်း   လက်ရွေးစင်အသင်းနှင့်      ယှဉ်ပြိုင်ခဲ့ရပြီး       ခုနစ်ဂိုးပြတ် အရေးနိမ့်ခဲ့ရသည်။ နိုင်ငံတကာ ပြိုင်ပွဲများနှင့်     ငါးနှစ်နီးပါး    ဝေးကွာနေသည့်အပြင် အသင်း ဖွဲ့စည်းလေ့ကျင့်အပြီး   နှစ်လ ဝန်းကျင်အကြာတွင်  ယှဉ်ပြိုင်ရ သည့်     ပထမဆုံးပွဲဖြစ်သော ကြောင့်     မြန်မာအမျိုးသမီး အသင်းအနေဖြင့်  ရုန်းကန်ခဲ့ရ သည်။ အာဆီယံထိပ်သီး  ထိုင်း အသင်းသည်     ခြေအသာဖြင့် ကစားကာ ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင်   ငါးဂိုး  သွင်းယူ ခဲ့ခြင်းဖြစ်သည်။ ယခုပြိုင်ပွဲတွင်  မြန်မာ့လက်ရွေးစင်    အသင်း  အပါအဝင်    ထိုင်းလက်ရွေးစင် အသင်း၊ ထိုင်း All Stars အသင်း၊ အင်ဒိုနီးရှား       လက်ရွေးစင် အသင်း၊  သြစတြေးလျကလပ်   South   Perth    အသင်းတို့    ယှဉ်ပြိုင်နေပြီး အုပ်စုပထမနေ့ အခြားပွဲတွင်   ထိုင်း   All Stars    အသင်းက သြစတြေးလျကလပ်  South   Perth  အသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။
မြန်မာအသင်းသည်  အုပ်စု ဒုတိယပွဲအဖြစ် ဧပြီ ၂၃ ရက်တွင် ထိုင်း  All  Stars  အသင်းနှင့် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်