
ဘန်ကောက် သြဂုတ် ၃၁
ထိုင်းနိုင်ငံတွင် သြဂုတ် ၃၁ ရက်က ကိုဗစ်-၁၉ ကူးစက်သူအသစ် ၁၄၆၆၆ ဦး တိုးလာပြီး ၁၉၀ထပ်မံ သေဆုံးခဲ့ကြောင်း ကိုဗစ်-၁၉အခြေ အနေ စီမံခန့်ခွဲရေးဌာန (စီစီ အက်စ်အေ)က ဖော်ပြလိုက်သည်။
ဇူလိုင် ၂၇ ရက်မှစကာ ကိုဗစ်-၁၉ ကူးစက်မှုအသစ် အနည်း ဆုံးဖြစ်သည်။ နိုင်ငံ၏ ဒေသ အတော်များများတွင် လချီကြာ သည့် ကန့်သတ်ပိတ်ဆို့မှု များ ပြုလုပ်ခြင်း၏ ရလဒ်ကြောင့် ယခုလို အကျိုးရလဒ်ဖြစ်ထွန်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်အစောပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါ စတင် ဖြစ်ပွားချိန်ကတည်းကစ၍ ယခု အချိန်အထိ ကိုဗစ်-၁၉ ကူးစက်သူ ပေါင်း ၁၂၀၄၇၂၉ ဦးရှိပြီး သေဆုံး သူပေါင်းမှာလည်း ၁၁၅၈၉ ဦး အထိ ရှိလာခဲ့သည်။
ထပ်မံကူးစက်သော ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၆၆၆ ဦး ရှိသည့်အနက် ဘန်ကောက်နှင့် အနီးဝန်းကျင် ဒေသများတွင် ဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက် သူ အရေအတွက်သည် ထပ်မံ ကူးစက်သော ကိုဗစ်-၁၉ လူနာ အရေအတွက်၏ ထက်ဝက်နီးပါး ခန့်ရှိသည်။
ဧပြီလအစောပိုင်းကတည်းက နောက်ဆုံး ကိုဗစ်-၁၉ ဖြစ်ပွား ရာ ဗဟိုချက်နေရာဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်သည်။ ထိုင်းနိုင်ငံ တွင် ဖေဖော်ဝါရီ ၂၈ ရက်မှ သြဂုတ် ၃၀ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၃၁ ဒသမ ၇ သန်း ရှိလာပြီဖြစ်သည်။
လူဦးရေသန်း ၇၀ နီးပါးရှိ သည့်အနက် ၁၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အပြည့်အဝထိုးပြီး ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် နိုင်ငံ့လူဦးရေ ၏ သန်း ၇၀ ခန့်ကို ယခုနှစ်ကုန် တွင် ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းလုပ်ဆောင်လျက်ရှိသည်။
ထိုင်းနိုင်ငံတွင် ရောဂါ လက္ခဏာ မပြင်းထန်သော ကိုဗစ်- ၁၉ လူနာများ ဆေးရုံမှ ဆင်းသွား ပြီးဖြစ်ရာ ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်းသည် ဆက်လက် ကျဆင်းလာဖွယ်ရှိ ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
ဆင်ဟွာ