ထိုင်းနိုင်ငံ၌ ပြည်ပခရီးသွားများ ဝင်ကြေးပေးရမည့် အစီအစဉ် ဇွန်လတွင်စတင်မည်

 

ဘန်ကောက်  ဖေဖော်ဝါရီ   ၂၄
ထိုင်းနိုင်ငံသို့    လာရောက်လည်ပတ်ကြမည့် နိုင်ငံခြားခရီးသည်ဝင်ကြေးအား     လာမည့် ဇွန်လမှစတင်၍       ကောက်ခံသွားမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနက ရေးသားဖော်ပြထားသည်။         ယခုကဲ့သို့ နိုင်ငံခြားသား   ခရီးသွားများအား    ဝင်ကြေး ကောက်ခံခြင်းကို       ထိုင်းနိုင်ငံလွှတ်တော်က အတည်ပြုခဲ့ပြီး   ဝင်ကြေးကို   လေကြောင်းမှ ဝင်ရောက်သူများအတွက်   ဘတ် ၃၀၀ နှင့် ရေကြောင်းဝင်ရောက်သူများအတွက် ဘတ် ၁၅၀  သတ်မှတ်ကောက်ခံသွားရန်ရှိသည်။
ခရီးသွား သန်း ၃၀ အထိ ခန့်မှန်းထား
ကိုဗစ်ကပ်ရောဂါမတိုင်မီ   ၂၀၁၉  ခုနှစ်က ထိုင်းနိုင်ငံအတွင်း        နိုင်ငံခြားသားခရီးသွား သန်း ၄၀ အထိ ဝင်ရောက်ခဲ့သော်လည်း ထိုင်း အစိုးရသည် ယခု ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွား သန်း ၃၀ အထိ  လာရောက်နိုင်ဖွယ် ရှိသည်ဟု    ခန့်မှန်းထားပြီး    ယခင်နှစ်ထက် သုံးဆပိုများလာနိုင်သည်ဟုလည်း ခန့်မှန်း ထားသည်။
ထိုင်းနိုင်ငံအစိုးရက          ယခုနှစ်အတွင်း နိုင်ငံခြားခရီးသည်ဝင်ရောက်မှုမှ   ဘတ်   ၃ ဒသမ ၉ ဘီလီယံ ရရှိမည်ဟု မျှော်လင့်ထားပြီး ယင်းဝင်ငွေအတွင်းမှ      တစ်စိတ်တစ်ပိုင်းကို ခရီးသွားများ   ထိုင်းနိုင်ငံအတွင်း    နေထိုင်စဉ် ကျန်းမာရေးနှင့် မတော်တဆမှုများ၏ အာမခံ အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်း ခရီးသွားလုပ်ငန်းနှင့်      အားကစားဝန်ကြီး Phiphat Ratchakitprakarn က ပြောသည်။ ယခုကဲ့သို့ကောက်ခံမှုတွင်           နေ့ချင်းပြန် ဝင်ရောက်သည့်     ခရီးသွားများ   မပါကြောင်း သိရသည်။