ထိုင်းနိုင်ငံ၌ ကျင်းပမည့် မြင်းစီးပြိုင်ပွဲသို့ မြန်မာမြင်းစီးအားကစားသမားများ ၀င်‌ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန်  နိုဝင်ဘာ   ၃၀ 


၂၀၂၃  ခုနှစ် ဒီဇင်ဘာ  ၇ ရက်မှ ၁၀ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် The 1st FEI. SEA Youth Cup 2023 at The Princess's Cup Thailand 2023 ပြိုင်ပွဲတွင် မြန်မာမြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါပြိုင်ပွဲအတွက်   တန်းခုန်စွမ်းရည်   အရည်အချင်းစစ်ဆေးခြင်းအား မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် မြင်းစီးအားကစားကွင်း(မြောက်ဒဂုံ)၌ နို၀င်ဘာ ၂၇ ရက်က ကျင်းပခဲ့ရာ မြင်းစီးအားကစားသမားများဖြစ်ကြသည့် မကြည်စင်လင်း၊ မရွှန်းလဲ့ ဖူးလှိုင်၊ မသုသုဇင်တို့အားရွေးချယ်ထားကြောင်း သိရသည်။


အရည်အချင်းစစ်အခမ်းအနားတွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က အားကစားသမားများအနေဖြင့် နိုင်ငံရပ်ခြား၌ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း မိမိတို့ အနေနှင့် လေ့ကျင့်ရည်ပြည့်ဝနေမည်ဆိုလျှင် ပါဝင်ယှဉ်ပြိုင်ကြမည့်အခြားနိုင်ငံများနှင့်ကောင်းစွာရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊  နိုင်ငံတကာအတွေ့အကြုံများလည်း များစွာရရှိနိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်ကိုယ်စားပြုယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် အဖွဲ့ချုပ်အနေ ဖြင့်သော်လည်းကောင်း၊ အားကစားသမားများ၊ မိဘများအနေဖြင့်သော် လည်းကောင်း    များစွာဂုဏ်ယူစရာဖြစ်ကြောင်း၊ အချိန်နှင့်အမျှ လေ့ကျင့်ရေးသည်အရေးကြီးကြောင်း မှာကြားပြီး အားကစားသမားများ ၏ လက်တွေ့တန်းခုန်စွမ်းရည်များကို စစ်ဆေးကြည့်ရှုခဲ့‌ကြောင်း သိရ သည်။                                                                      

အာကာစိုး