ထိုင်းနိုင်ငံမှ လှူဒါန်းသော ဗုဒ္ဓဆင်းတုတော်မြတ် သီပေါပေါ်ကြိုဘုရားကြီး ပရိဝုဏ်၌ ကိန်းဝပ်စံပယ်

 

သီပေါ အောက်တိုဘာ  ၂၈


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ်    ရှေးဟောင်းသမိုင်းဝင် ပေါ်ကြိုဘုရားကြီး        ပရိဝုဏ် အတွင်းရှိ   မဟာသာသနာ့ဗိမာန် တော်ကြီး ဓမ္မာရုံတွင် ကိုးကွယ် ပူဇော်ထားရှိမည့်         ထိုင်းနိုင်ငံ အလှူရှင် မိသားစုမှ ဓမ္မဒါနအဖြစ် လှူဒါန်းသော ဉာဏ်တော် အမြင့် ကိုးပေရှိ     ဗုဒ္ဓဇိရနအောင်တော် မူ ကြေးဆင်းတုတော်မြတ်ကြီး ထိုင်း-မြန်မာချစ်ကြည်ရေး တံတား မှ     တာချီလိတ်သဒ္ဓါပရဟိတ အသင်း၏     ချိတ်ဆက်မှုဖြင့် တာချီလိတ်၊  ကျိုင်းတုံ၊      နမ့်လန် လမ်းကြောင်းအတိုင်း ပင့်ဆောင် ခဲ့ရာ    ယနေ့   မွန်းတည့်ချိန်တွင်   နမ့်လန်မဇ္ဈိမရာမ   ဘုန်းတော်ကြီး ကျောင်းသို့  ရောက်ရှိသည်။

 


အဆိုပါ    ဗုဒ္ဓဆင်းတုတော် မြတ်ကြီးကို   ပေါ်ကြိုဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးဆန်စိုင်းသာညွန့် နှင့်   ဂေါပကအဖွဲ့ဝင်များ၊   ဗုဒ္ဓ နွယ်ဝင် သဒ္ဓါကြည်လင်ပါရမီရှင် များ၊ မြို့မိမြို့ဖများက မော်တော် ယာဉ် ငါးစီးဖြင့် မဇ္ဈိမရာမကျောင်း တိုက်မှ ပင့်ဆောင်လာရာ ပေါ်ကြို ဘုရားကြီး သာသနာ့ဗိမာန်တော် ကြီးသို့  ညနေပိုင်း၌   ရောက်ရှိ ကိန်းဝပ်   စံပယ်တော်မူလျက်ရှိ  ကြောင်း သိရသည်။


စိုင်း(သီပေါ)