ထိုင်းနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ကုန်သွယ်မှုပလက်ဖောင်းသစ် စတင်မည်

 

ဘန်ကောက်   စက်တင်ဘာ   ၂၉


ထိုင်းနိုင်ငံအနေဖြင့်         ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ     လုပ်ငန်းစဉ် များကို အခြားမိတ်ဖက်နိုင်ငံများ နှင့်  ပေါင်းစပ်ဆောင်ရွက်နိုင်ရန် အတွက်   ပြည်တွင်းဒစ်ဂျစ်တယ် ကုန်သွယ်မှု     ပလက်ဖောင်း (National Digital Platform- NDTP)ကို စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း     ထိုင်းဘဏ်များ အသင်း    အထွေထွေမန်နေဂျာ၏  ပြောကြားချက်အရ သိရသည်။

 


အဆိုပါ    ပလက်ဖောင်းမှာ ထိုင်းစီးပွားရေး လုပ်ငန်းများအား နိုင်ငံတကာ   စီးပွားရေးလုပ်ငန်း များကဲ့သို့   ဒစ်ဂျစ်တယ်စီးပွားရေး ကို ကူးပြောင်းဆောင်ရွက်နိုင်ရန် အထောက်အပံ့   ပေးနိုင်မည်ဖြစ် သည်။ ထို့အပြင် အဆိုပါ   ပလက် ဖောင်းတွင် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း       အသီးသီးတို့က စာရွက်စာတမ်း    အထောက် အထားများကို        အတူတကွ လွှင့်တင်နိုင်မည်ဖြစ်ပြီး   အဆိုပါ အဖွဲ့အစည်းများနှင့်   ချိတ်ဆက် ထားသည့်   စီးပွားရေးလုပ်ငန်း များအနေဖြင့်      ဒစ်ဂျစ်တယ် ကုန်သွယ်မှု          ပလက်ဖောင်း (NDTP)        တွင်         သီးခြား တင်ပြ          ဆောင်ရွက်နိုင်မည် ဖြစ်သည်။ 

 


ထိုကဲ့သို့     အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့်      ဌာန ဆိုင်ရာ       အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အချိန်နှင့် ငွေကြေးကုန်ကျမှုများ ကို     သက်သာစေမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏    အဓိကသော့ချက် ဖြစ်သည့် နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ         ဖြစ်သည့် (Ease  Of  Doing  Business)ကိုလည်း  တိုးတက်လာစေမည်ဟု ကျွမ်းကျင်သူများက   ခန့်မှန်းကြ သည်။

 


ထိုင်းနိုင်ငံ  စက်မှုအသင်းချုပ် ညွှန်ကြားရေးမှူးချုပ်က   NDTP ပလက်ဖောင်းကို     စင်ကာပူနိုင်ငံ ၏      NTP    ပလက်ဖောင်းနှင့် ဂျပန်နိုင်ငံ၏    Yrade   Waltz တို့နှင့်    ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ 
အဆိုပါ NDTP ပလက်ဖောင်း ၏ Soft Launch  လွှင့်တင်မှုကို လာမည့်        နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံ         ဘန်ကောက်မြို့၌ ကျင်းပမည့်     အာရှ- ပစိဖိတ်   စီးပွားရေး   ပူးပေါင်းဆောင်ရွက်မှု (APEC) တွင်    တင်ပြသွားမည် ဖြစ်ကြောင်း    ၎င်းက    ထပ်မံ ပြောကြားသည်။

 


NDPT  ပလက်ဖောင်းသည် စီးပွားရေးလုပ်ငန်းများအတွက် စာရွက်စာတမ်း  လုပ်ငန်းစဉ်များ ကို  လွယ်ကူစွာ  ဆောင်ရွက်နိုင် မည့်အပြင် အနာဂတ် ကုန်သွယ် မှု  အခွင့်အလမ်းများကို ရှာဖွေရန် အတွက်     ဒေတာစင်တာတစ်ခု လည်း ဖြစ်သည်။

 

ပလက်ဖောင်း အား ပထမအဆင့်(၁) စမ်းသပ်မှု အနေဖြင့်          ထိုင်းကုမ္ပဏီများ ၏       နယ်ပယ်သုံးရပ်ဖြစ်သည့် e-purchase order, e-invoice, e-packing   list   ကဲ့သို့သော စီးပွားရေးဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများ၊ သယ်ယူ ပို့ဆောင်ရေး စာရွက်စာတမ်းများ အပြင်       အခြားအစိုးရအာမခံ ဆိုင်ရာ   အထောက်အထားများ ပါဝင်မည်ဖြစ်သည်။

 


အဆိုပါ NDPT ၏ အီလက် ထရွန်နစ် အထောက်အထားများ ကို UN   နှင့်    CEFACT    ၏ အီလက်ထရွန်နစ် စီးပွားရေးနှင့် ကုန်သွယ်မှု  လွယ်ကူချောမွေ့စေရေးစံနှုန်းများနှင့်အညီ တိုးတက် အောင်      အဆင့်   ငါးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ   ပလက်ဖောင်းအား    အသုံးပြုခြင်းအားဖြင့် စီးပွားရေး လုပ်ငန်းများအပေါ် တာဝန်ယူမှု နှင့်  ပွင့်လင်းမြင်သာမှု ရှိလာစေ မည်ဖြစ်ပြီး     စာရွက်စာတမ်း  အထောက်အထားများ       တင်ပြ ခြင်းကို  အီလက်ထရွန်နစ်ဖိုင်များ အဖြစ်  ကူးပြောင်းဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊     ထိုင်း ကုမ္ပဏီများအနေဖြင့်လည်း ကမ္ဘာ့ ဒစ်ဂျစ်တယ်ကဏ္ဍတွင်  အခြား နိုင်ငံများနှင့်     ပူးပေါင်းပါဝင် လာနိုင်မည်ဖြစ်ပြီး စံပြဖြစ်စေ မည့်     ပလက်ဖောင်းတစ်ခုကို       တည်ထောင်နိုင်ရေး      ရှာဖွေ           လုပ်ဆောင်သွားမည်       ဖြစ် ကြောင်း သိရသည်။ 
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊