ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ငါးဦးအတွက် ကျန်ရစ်သူမိသားစုထံ အာမခံကြေးပေးအပ်

 

နေပြည်တော်  စက်တင်ဘာ   ၂၈


ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် တွင် မော်တော်ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံးခဲ့သည့် မြန်မာ အလုပ်သမား    ငါးဦးအတွက် အာမခံကြေးများအား ကျန်ရစ်သူ မိသားစုများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 


အဆိုပါ အခမ်းအနားကိုယနေ့ နံနက်ပိုင်းတွင်   နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပခဲ့ပြီး အခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က  ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က  ထိုင်းနိုင်ငံ ဆိုင်ရို့ခရိုင်နယ်စပ်မှ     တရား မဝင်    မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် မော်တော် ယာဉ်သည် ကန်ချနဘူရီ ပြည်နယ် အတွင်း ဖြတ်သန်းစဉ် စစ်ဆေးရေး ဂိတ် တွေ့၍ လှည့်ပြန်မောင်းနှင် ထွက်ပြေးရာမှ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်တွင်   ပါရှိသည့် အလုပ် သမား ၁၀ ဦးအနက် မောင်သက် နိုင်ဖြိုး၊        မောင်နိုင်ဝင်းစိုး၊ မောင်အောင်ရွှေဝင်း၊ မခင်မာနွယ် နှင့် မအိဖြူအောင်တို့ သေဆုံးခဲ့မှု အပေါ်     မော်တော်ယာဉ်   အာမခံ ထောက်ပံ့ကြေးငွေအား ကျန်ရစ် သူ  မိသားစုများထံ ပေးအပ်ခြင်း ဖြစ်ပါကြောင်း။

 


အဆိုပါ အလုပ်သမား ငါးဦး သေဆုံးခဲ့မှုဖြစ်စဉ်နှင့်  ပတ်သက် ပြီး    အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာန၏ ကြီးကြပ်မှုအောက်ရှိ ထိုင်း နိုင်ငံ     အလုပ်သမားအရာရှိရုံး မှ     အလုပ်သမားသံအရာရှိက မော်တော်ယာဉ်   အာမခံကုမ္ပဏီ ဖြစ်သည့် Dhipaya Insurance Public Co., Ltd နှင့် ချိတ်ဆက် ဆောင်ရွက်၍     မော်တော်ယာဉ် အာမခံကြေးရရှိနိုင်ရေး     ဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လိုအပ် သည့် အထောက်အထား၊ စာရွက် စာတမ်းများကို     သက်ဆိုင်ရာ မြို့နယ်  အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန   (မြို့နယ်ရုံး) များ၊ ရွှေ့ပြောင်းသွားလာခြင်း  ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း   (IOM)တို့မှ သေဆုံးသူများ၏ မိသားစုဝင် များနှင့်   ချိတ်ဆက်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊   အလုပ်သမား ငါးဦး သေဆုံးမှုဖြစ်စဉ်နှင့်စပ်လျဉ်း ပြီး မော်တော်ယာဉ် တိမ်းမှောက် မှု ဖြစ်ပွားသည့်ယာဉ်မှာ Dhipaya Insurance Public Co., Ltd တွင် မော်တော်ယာဉ်    အာမခံထားရှိ ခြင်းကြောင့်      သေဆုံးသူများ အတွက် မော်တော်ယာဉ်အာမခံငွေ များ  ရရှိအောင်  ဆောင်ရွက်ပေး နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။

 


ထိုင်းနိုင်ငံသို့     တရားမဝင် လမ်းကြောင်းများမှ     တစ်ဆင့် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရ  မှုများ၊          မော်တော်ယာဉ် တိမ်းမှောက်ခဲ့မှုများ    ဖြစ်ပွားခဲ့မှု ကြောင့် မြန်မာရွှေ့ပြောင်း အလုပ် သမား        ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများရှိခဲ့ခြင်း၊ တရားမဝင် သွားရောက်ခြင်းကြောင့် လူကုန် ကူးခံရခြင်း၊      လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊    ဥပဒေနှင့် အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရရှိခြင်းနှင့် အခြား သော  လူ့အခွင့်အရေးဆုံရှုံးမှုများ ဖြစ်ပေါ်နိုင်သည့်အပြင်  အခက် အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် တရားမဝင် သွားရောက်ခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် ပြည်ပသို့ တရားဝင် သွားရောက်လုပ်ကိုင် ခြင်းဖြင့်  ဥပဒေနှင့်အညီ အလုပ် သမားအခွင့်အရေး     ကာကွယ် စောင့်ရှောက်မှုများ အပြည့်အဝရရှိ နိုင်ခြင်း၊ လူကုန်ကူးခံရမှု မဖြစ်ပွား နိုင်ခြင်း၊ ဆိုက်ရောက် နိုင်ငံများ၌ လွတ်လပ်စွာ သွားလာနိုင်ခြင်းနှင့် လုပ်ငန်းခွင်တွင်  စိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင်မည်     ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးက ကျန်ရစ်သူမိသားစုဝင် သုံးဦးနှင့် ဒုတိယဝန်ကြီးကကျန်ရစ် သူ မိသားစုဝင်နှစ်ဦးတို့၏ မိသားစု ဝင်များသို့ မော်တော်ယာဉ်အာမခံ ကြေးများအား   ပေးအပ်ခဲ့သည်။

 


အခမ်းအနားသို့ ဒုတိယဝန်ကြီး    ဦးဝင်းရှိန်၊   အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် များ၊      ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ  နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ တာဝန်ရှိသူနှင့် သေဆုံး သူများ၏ မိသားစုဝင်များ တက် ရောက်ခဲ့ကြသည်။    

သတင်းစဉ်