ထီးချိုင့်မြို့နယ်အတွက် ကျန်းမာရေးသုံးပစ္စည်းများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ ပေးအပ်

 

ထီးချိုင့်   စက်တင်ဘာ  ၂၆


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည်   စက်တင်ဘာ   ၂၅   ရက်က   ထီးချိုင့်မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရွှေပြည်သာခန်းမတွင် တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး  ပစ္စည်းများနှင့်   မြေဆီ၊  ရွက်ဖျန်း မြေဩဇာ၊ ဆေးဖျန်းပုံးများပေးအပ်သည်။


ယင်းတွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် က ထီးချိုင့်မြို့နယ်အတွင်းရှိ ပြည်သူများ၏ လုံခြုံ ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့်   ဒေသဖွံ့ဖြိုးရေးစသည့်လုပ်ငန်းများတွင်  တွေ့ကြုံရသည့် အခက်အခဲ များကို   သိရှိနိုင်ရန်၊    လုပ်ငန်းလိုအပ်ချက်များကို လျင်မြန်စွာ   ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ယခုလိုလာရောက်      တွေ့ဆုံခြင်းဖြစ်ကြောင်း  ပြောကြားသည်။


ဆက်လက်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဇော်လင်းက ဌာန   အလိုက်ဆောင်ရွက်နေသည့်   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊  ကျန်းမာရေးဆိုင်ရာလုပ်ငန်း လိုအပ် ချက်များကို ဆွေးနွေးတင်ပြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးပြေဦးမှ လုံခြုံရေးကိစ္စရပ်ဆောင်ရွက်နေ မှုများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက်   တိုင်းဒေသကြီး   ဝန်ကြီးများနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများက      ထီးချိုင့်မြို့နယ် အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊  အောက်ဆီဂျင် အိုးများနှင့် အောက်ဆီဂျင်ထုတ်စက်များ၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး    ကျန်းမာရေးပစ္စည်းများ၊    အားကစားပစ္စည်းများ၊   စားသောက်ဖွယ်ရာများနှင့်   မြေဆီ၊ ရွက်ဖျန်းမြေဩဇာ၊ ဆေးဖျန်းပုံးများပေးအပ် သည်။ 


ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ သည်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြံရွက်ခြောက် မြေဩဇာ    ပြုလုပ်နည်းသရုပ်ပြ     ဆောင်ရွက်မှုကို ကြည့်ရှု အားပေးကြောင်း သိရသည်။ 


ရဲလင်းထွန်း 
(ထီးချိုင့်)