ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် ဖေဖော်ဝါရီ  ၂၇
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး   အသက်     (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်  ဌာန ဆိုင်ရာ  ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့  နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်  ဇမ္ဗူအေး  အေတီတပ်ဦး ပရိယတ္တိစာသင်တိုက်ဆရာတော်  ဘဒ္ဒန္တ ဥတ္တမ အမှူးပြုသော မြို့ပေါ်ကျောင်းတိုက်များမှ သံဃာ တော်  အပါး၂၀ အား သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်း ၌ လည်းကောင်း၊ မွန်ပြည်နယ်   မော်လမြိုင်မြို့  မြစေတီစာသင်တိုက်ပဓာနနာယက  ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ  အမှူးပြုသော မြို့ပေါ်ကျောင်းတိုက်များမှ  သံဃာတော်  အပါး           ၂၀ အား  မြစေတီစာသင်တိုက်၌  လည်းကောင်း တိုင်းစစ်ဌာနချုပ်များမှ ဆေးအဖွဲ့များက ကျန်းမာ ရေးစစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ထိုသို့  ဆောင်ရွက်ပေးနေမှုများကို  တိုင်းစစ်ဌာန ချုပ်များမှ  တိုင်းမှူးများနှင့် တာဝန်ရှိသူများက            သွားရောက်ကြည့်ရှုဖူးမြော်ကြည်ညိုကြပြီး န၀ကမ္မ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ  ဆက်ကပ် လှူဒါန်းကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။  သတင်းစဉ်