ထားဝယ် - မြိတ် ကားလမ်းပေါ်၌ ခရီးသည်တင်ယာဉ်တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဖောက်ခွဲတိုက်ခိုက်၊ ယာဉ်မောင်းနှင့် ခရီးသွားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်   စက်တင်ဘာ  ၂၁


PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက် ရှိသည့်  ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများကို ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ အား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော် မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ထောင်ကာ ဖောက်ခွဲခြင်း၊ ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိသည်။

 


ထိုသို့   အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ  ပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၂၀  ရက်  နံနက်  ၁၀ နာရီခန့်တွင် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ယာဉ်မောင်း အောင်ဌေး (ခ) မင်းမင်း (ဘ)ဦးအောင်မင်း မောင်းနှင်၍  ယာဉ်နောက်လိုက်   ဇော်လွင်   (ဘ)  ဦးမြင့်လွင်နှင့် ကော့သောင်းမြို့မှ ခရီးသည် ကျား လေးဦး၊ မ တစ်ဦး၊ ပေါင်း  ငါးဦး   လိုက်ပါလာသည့်  ယူတင်အိုအေစစ် အမည်ရှိ  ခရီးသည်တင်   Townace အမျိုးအစား ယာဉ်အား ထားဝယ် - မြိတ် ကားလမ်း မိုင်တိုင်အမှတ် ၁၀၂ နှင့် ၁၀၃ အကြားတွင် PDF အမည်ခံအကြမ်းဖက် သမားများက  လက်လုပ်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း      သိရသည်။   အကြမ်းဖက် သမားများ၏  ဖောက်ခွဲတိုက်ခိုက်မှုကြောင့်  ယာဉ် အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အောင်ဌေးနှင့်    ခရီးသည်    မခက်ခက်လှိုင်(ဘ) ဦးတင်ဝင်းတို့တွင်    မိုင်းစထိမှန်ဒဏ်ရာများ  ရရှိခဲ့ သဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိသည်။

 


အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်တွင်     သွားလာလျက်ရှိသည့် ယာဉ်များအား အကြောင်းမဲ့ မိုင်းဖောက်ခွဲတိုက်ခိုက် ခဲ့သည့်  အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံ ရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။                     

သတင်းစဉ်