အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ်မှုနှင့် ပွင့်လင်းမှုဂုဏ်ရည်
ဖြောင့်မတ်ခြင်းဟူသည် ကွေ့ကောက်၊ လိမ်လည်၊ လှည့်ဖြား ခြင်းတို့ မရှိ၊ ပကတိရိုးသားမှန်ကန်ခြင်းပင်ဖြစ်သည်။ ဖြောင့်မတ် ခြင်းသည် လူတိုင်းတွင်ရှိသင့်သည့် ဂုဏ်ရည်တစ်ခုဖြစ်သည့် အားလျော်စွာ လူတို့အား ဖြောင့်မတ်ရန်၊ လွန်စွာဖြောင့်မတ်ရန် ဗုဒ္ဓမြတ်စွာဘုရားက သွန်သင်ဆုံးမတော်မူခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရယူရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ရိုးသားဖြောင့်မတ်ပွင့်လင်းသော ဦးဆောင်မှုကို ယုံကြည်၍ တိုင်းရင်းသားခေါင်းဆောင်များ တညီတညွတ်တည်း လိုက်ပါခဲ့ ကြခြင်းဖြစ်သည်။



