မြန်မာ့အလင်းအယ်ဒီတာအာဘော်
အာရှ-ပစိဖိတ် တည်ငြိမ်အေးချမ်းရေးနှင့် အာဆီယံအဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှု
(၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS-2023) ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ဩဂုတ် ၁၅ ရက်က ကျင်းပရာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၇၆ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ခြောက်ခုတို့မှ ကိုယ်စားလှယ်ပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ ကြသည်။ မျက်နှာစုံညီအစည်းအဝေး အစီအစဉ်သုံးရပ်၏ ဒုတိယ ပိုင်းတွင် “အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေး” ခေါင်းစဉ်ဖြင့် အစည်းအဝေးပါရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့၏စည်းလုံးညီညွတ်မှု”နှင့် ပတ်သက် ပြီး သုံးသပ်ဆွေးနွေး
ကျေးရွာအလိုက်၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်ရေး
ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product) ၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ဟူသော အစီအစဉ်များက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက် ဒေသများ ဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေး နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဦးတည်ဆောင်ရွက် နေခြင်းဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ အပါ အဝင် ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှု တိုးတက်စေရန် ရည်ရွယ်ရင်းဖြစ်သည်။
ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးနှင့် အားကစားမြင့်မားရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့ဆက်ဆောင်ရွက် သွားမည့် ဦးတည်ချက် (၉) ရပ်တွင် “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသော လူမှုရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ အားကစားကဏ္ဍကို မြှင့်တင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ ကျန်းမာကြံ့ခိုင်ရေးအတွက်သာမက နိုင်ငံတကာအလယ်တွင် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားထည်ဝါရေးအတွက်လည်း လွန်စွာအရေးပါသည်။
ဈေးကွက်စီးပွားရေးစနစ် အားကောင်းမောင်းသန်အောင်မြင်ရေး
အတိတ်ကာလက ဗဟိုဦးစီးစနစ်နှင့် စီမံကိန်းချစီးပွားရေးစနစ် တို့ကို ကျင့်သုံးခဲ့ဖူးသော မိမိတို့နိုင်ငံ၏ မျက်မှောက်ကာလ စီးပွားရေးစနစ်မှာ ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်။ ဈေးကွက် တွင် ဖြစ်ပေါ်နေသည့် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ကသာ ဈေးကွက်စီးပွားရေးစနစ်ကို အဓိကမောင်းနှင်နေခြင်းဖြစ်ပြီး အစိုးရက ပါဝင်စွက်ဖက်မှု ကင်းနိုင်သမျှ ကင်းခြင်းက အကောင်း ဆုံးဖြစ်သည်။
ဒေသအကျိုးစီးပွားတိုးတက်ဖြစ်ပေါ်စေရေး ခရီးသွားလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်
ဒေသအလိုက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းသည်လည်း ဝန်ဆောင်မှုကဏ္ဍတွင် ပါဝင်ခြင်း ကြောင့် အားပေးမြှင့်တင်သွားရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်မီက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အခြေအနေမှာ တိုးတက်မှုနှင့် အလားအလာအရှိဆုံး အနေ အထားအထိ ရောက်ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် အစောပိုင်း ကာလတွင် ကိုဗစ်-၁၉ ရောဂါ ဝင်ရောက်လာခဲ့ပြီးနောက် အခြေ အနေကောင်းများအားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
ဩဂုတ်လ၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်း များ ရရှိအောင် ပြုစုပျိုးထောင်ရာတွင် အာဟာရဖွံ့ဖြိုးရေးကိုလည်း အလေးဂရုပြုဆောင်ရွက်ပေးနိုင်ရန် အရေးကြီးသည်။ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်အောင်မြင်မြင်လွှမ်းခြုံဆောင်ရွက် နိုင်သည်နှင့်အမျှ ကလေးငယ်များ၏ ကျန်းမာသန်စွမ်းမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အပေါ် အကျိုးသက်ရောက်မှုများ ရရှိလာမည် ဖြစ်ပြီး ပညာတတ်နိုင်ငံသားများ တစ်နည်းအားဖြင့် တန်ဖိုးမြင့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။
ရေကြီးရေလျှံအန္တရာယ် သတိပြုဆောင်ရွက်ဖွယ်များ
မိုးအများအပြားရွာသွန်းမှုကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာကာ မြို့၊ ရွာများ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းများ အရ သိရှိရသည်။ အချို့မြို့နယ်တို့တွင် ယာယီရေဘေးရှောင် ပြောင်းရွှေ့ရခြင်း၊ အချို့မြို့နယ်များတွင်လည်း ရေဘေးအန္တရာယ် ကျရောက်လာပါက ရေလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ဆော်ဩခြင်း၊ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင် ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
အစဉ်အမြဲဖွင့်လှစ်ထားသည့် တံခါးဆီ
မိမိတို့နိုင်ငံကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လိုအင် ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေးအတွက် တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ မဖြစ်မနေလိုအပ်လျက်ရှိ သည်။ ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်တွင်းငြိမ်းချမ်း ရေးနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်နေသည့်အားလျော်စွာ နိုင်ငံတော်အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးအတွက် နည်းလမ်း ပေါင်းစုံနှင့် ဆောင်ရွက်ခဲ့ကြသည်။