ပညာသည်သာ အမြတ်ဆုံးရတနာ လေ့လာမှတ်သားသင်ယူပါ
ခင်သန်းမြင့်
မေလရဲ့နွေရက်အလွန် မုတ်သုံမိုးဦးနဲ့အတူ ဇွန်လ ၃ ရက်နေ့ကစပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ပါပြီ။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်း တစ်ပတ်ကာလအတွင်း အခြေခံပညာကျောင်းသား ကျောင်းသူ ၆၃ သိန်းကျော်ကျော် ကျောင်းအပ်နှံခဲ့ကြတယ်လို့ သက်ဆိုင်ရာရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းအပ်နှံ တဲ့ကလေးတွေအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တွေ အခမဲ့ဖြန့်ဝေပေးပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူတွေကို ကျောင်းဝတ်စုံတွေပါ အခမဲ့ဖြန့်ဝေ ပေးတယ်လို့ သိရပါတယ်။
- Read more about ပညာသည်သာ အမြတ်ဆုံးရတနာ လေ့လာမှတ်သားသင်ယူပါ
- Log in to post comments



