ရေကြည်ကိုရှာ နွေအခါ သတိထားစရာများ
သိန်းထွန်းဦး
(စက်မှုတက္ကသိုလ်)
ကျွန်ုပ်တို့ သက်ရှိလောကကြီးတွင် “ရေ”သည် မရှိမဖြစ်ပင် အရေးကြီးကြောင်း စာဖွဲ့ရန်ပင် လိုမည်မထင် အားလုံးအသိပင်ဖြစ်၏။ အနှီရေတစ်ပေါက်အတွက် အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ကြသလို အသက်ပေါင်းမြောက်မြားစွာကို ရှင်သန်ခဲ့ကြရသည့် သာဓကများလည်း အများအပြားပင် ရှိနေတော့သည်။ ထို့အတွက်ကြောင့် လူတိုင်း ရေကို လုံလုံလောက်လောက် ရရှိလိုကြသည်။ ဤတွင် “ရေကြည်ရာ မြက်နုရာ” ဆိုရိုးအတိုင်း ရေအရင်းအမြစ်ရှိရာ မြစ်ချောင်းများကို တည်မှီလျက် မြို့ပြများ တည်ဆောက်နေထိုင်ခဲ့ကြသည် မဟုတ်ပါလော။
- Read more about ရေကြည်ကိုရှာ နွေအခါ သတိထားစရာများ
- Log in to post comments



