စည်းလုံးညီညွတ်သည့် ဟန်ချက်ညီသောပန်းတိုင်ဆီ
နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး တန်းတူ ခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဤသန္နိဋ္ဌာန်ကို အမှန်တကယ်ဖော်ဆောင်နိုင်ရန် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ဖို့လိုမည်ဖြစ်သည်။