ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ မီခေးလ် မီရှုစတင် ထံမှ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ပေးပို့သည့် သဝဏ်လွှာ
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် (၇၅) နှစ်မြောက် အခါသမယတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရကိုယ်စားနှင့် မိမိကိုယ်တိုင် အနေဖြင့် အဆွေတော်အား လှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
ရုရှား-မြန်မာဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် လေးစားမှု၊ တစ်ဖက်နှင့်တစ်ဖက်အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားမှု“မူ”များပေါ်တွင် အခြေခံကြောင်း အလေးအနက်ထား ပြောကြားလိုပါသည်။
ကုန်သွယ်ရေးနှင့် စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများသည် တဖြည်းဖြည်း တိုးတက်လျက်ရှိပါသည်။ စွမ်းအင်၊ စက်မှု၊ ပို့ဆောင်ရေး၊ ပညာရေးနှင့် အဆင့်မြင့်နည်းပညာနယ်ပယ် များတွင် ပူးတွဲ စီမံကိန်းများကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။
နှစ်နိုင်ငံအစိုးရများအကြား တက်ကြွစွာပူးတွဲလုပ်ဆောင်နေမှုများသည် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုချဲ့ထွင်ရေးနှင့် အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေသောလုပ်ငန်းများ တိုးမြှင့်ရေးတို့ အတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့၏ အကျိုးစီးပွားကို အပြည့်အဝဖော်ဆောင်နိုင်မည်လည်း ဖြစ်ပါသည်။
အဆွေတော် ကျန်းမာရွှင်လန်း၍ လုပ်ငန်းဆောင်တာများတွင် အောင်မြင်မှုသစ်များ ရရှိပါစေ ကြောင်းနှင့် မြန်မာနိုင်ငံသားများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ် ပါသည်။



