သုတဝေဖြာသီရိဂေဟာမိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မော်ဒယ်သရုပ်ဆောင်များနှင့်အတူ လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်

 

နေပြည်တော်    နိုဝင်ဘာ   ၁၈


သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ်    (Family Quiz)    ပွဲစဉ်   (၄၁)   ကို နိုဝင်ဘာ   ၁၉   ရက်  ညနေတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ   ဆက်လက်    ထုတ်လွှင့်မည်ဖြစ် သည်။ 

 


အဆိုပါ    ကိုဗစ်-၁၉   ဆိုင်ရာ   အသိပညာပေး    အစီအစဉ်ကို   မော်ဒယ်သရုပ်ဆောင်    စိုးသီဟ  နှင့် ဂျေနောတို့က တင်ဆက်ကြ မည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့်   ကိုလူချောတို့အဖွဲ့မှ   မိသားစုများ က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ       ယင်းပြိုင်ပွဲများကို နိုဝင်ဘာ (၁၉၊ ၂၀ ၊ ၂၁) ရက်နေ့များတွင် မြန်မာ့ အသံနှင့်      ရုပ်မြင်သံကြား၏  ညနေ   ၆  နာရီ  သတင်းအပြီး၌   ထုတ်လွှင့်ပြသသွားမည်    ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်