
နေပြည်တော် အောက်တိုဘာ ၂၇
သုတဝေဖြာသီရိဂေဟာမိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၃၈)ကို အောက်တိုဘာ ၂၉ ရက်၊ ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်(၃၈)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ဒိန်းဒေါင်နှင့် ယဉ်လက်တို့က တင်ဆက်ကြ မည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲ များကို အောက်တိုဘာ (၂၉ ၊ ၃၀ ၊ ၃၁) ရက်နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွား မည်ဖြစ်သည်။
သတင်းစဉ်