
နေပြည်တော် အောက်တိုဘာ ၆
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၃၅) ကို အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါပွဲစဉ်မှ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ထူးပြည့်အောင်နှင့် ယဉ်လက်တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို အောက်တိုဘာ (၈၊ ၉၊ ၁၀) ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်