
နေပြည်တော် ဒီဇင်ဘာ ၂၂
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၆)ကို ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ် သည်။
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို သရုပ်ဆောင် စိုးသီဟနှင့် မော်ဒယ် ဂျေနောတို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများက ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဒီဇင်ဘာ (၂၄ ၊ ၂၅ ၊ ၂၆) ရက်တို့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်း အပြီး၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်