သုတဝေဖြာ သီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာမျှဝေမှု အစီအစဉ်၊ လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၂
သုတဝေဖြာသီရိဂေဟာ    မိသားစုပြိုင်ပွဲ    အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၁၀၆) ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် မြန်မာ့ အသံနှင့်  ရုပ်မြင်သံကြား၏  MRTV–HD  Channel  မှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။ 
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှု အစီအစဉ်ကို အစီ အစဉ်တင်ဆက်သူ စိုးရန်အောင်နှင့်  မိုးဂျူလိုင်တို့က တင်ဆက်ကြ မည်ဖြစ်ပြီး   လူရွှင်တော်အသင်းမှ  မိသားစုများ  ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂၄၊ ၂၅ နှင့် ၂၆  ရက်များတွင်  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၏  MRTV-HD  မှ  ည ၇ နာရီခန့်တွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
 သတင်းစဉ်