
နေပြည်တော် စက်တင်ဘာ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန သတင်း နှင့်စာနယ်ဇင်းလုပ်ငန်း ရုံးချုပ်၊ မြန်မာ့အလင်းနှင့် ကြေးမုံသတင်း စာတိုက် (နေပြည်တော်) တို့မှ ဝန်ထမ်းများ စားရေးအထိုက် အလျောက် အဆင်ပြေစေရန် ကြက်ဥများ ထောက်ပံ့ပေးအပ်ပွဲ ကို စက်တင်ဘာ ၁၉ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ နေပြည်တော် သတင်းစာတိုက်၌ ပြုလုပ် သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ တွင် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းရုံးချုပ်နှင့် နေပြည်တော် ရှိ မြန်မာ့အလင်းသတင်းစာတိုက်၊ ကြေးမုံ သတင်းစာတိုက်နှင့် နေပြည်တော်သတင်းစာတိုက်တို့ မှ ဝန်ထမ်း ၂၄၄ ဦးကို တစ်ဦးလျှင် ကြက်ဥ ၁၀ လုံးနှုန်းဖြင့် ကြက်ဥ အလုံးရေ ၂၅၀၀ ခန့် ထောက်ပံ့ ပေးအပ်သည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အနေဖြင့် ဌာနရှိဝန်ထမ်းများ ကို စားရေးအဆင်ပြေစေရန်နှင့် သက်သာချောင်ချိစေရန် ရည်ရွယ် ၍ ထိုသို့ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)
ဓာတ်ပုံ- အိမ့်ဘီလီယံမောင်