သတင်းမီဒီယာသမားများ မီဒီယာကျင့်ဝတ်နှင့်အညီ ပါတီစွဲ၊ ဝါဒစွဲမရှိဘဲ အဖြူရောင်သက်သက်ဆောင်ရွက်

သတင်းမီဒီယာများ၏ အခက်အခဲများကို ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်

နေပြည်တော် စက်တင်ဘာ ၃၀


ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်   သတင်းစာရှင်းလင်းပွဲ အမှတ်စဉ်(၉/၂၀၂၁)သို့  တက်ရောက်လာကြသည့် ပြည်တွင်း/ ပြည်ပ  သတင်းမီဒီယာများအား ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။
ဆွေးနွေးပြောကြား


တွေ့ဆုံပွဲသို့  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိ သူများ၊  Myanmar National Post ၊ Tomorrow ၊ Silent Talk ၊ လူထုရင်ဖွင့်သံ၊ Power ၊ VOA ၊ Fuji Television ၊ Asahi Shimbun၊ AFP၊ Myanmar Public  Press ၊ မြန်မာသံတော်ဆင့်၊ တဲ့ပြောသတင်း မီဒီယာ၊   MNSP ၊ Sky Net ၊ Myanmar Hard Talk ၊ သူရိယနေဝင်း၊ စံတော်ချိန်၊ New History For People ၊ Voice of Myanmar၊ 97 Media ၊ Eleven Media ၊ One News Agency ၊ Myanmar Nation ၊ Golden Hand ၊ Who News ၊ Up to Date ၊ ပြည်ထောင်စုနေ့စဉ်၊ Xinhua   တို့မှ သတင်းမီဒီယာ သမားများ တက်ရောက်ကြသည်။ 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  နှုတ်ခွန်းဆက်စကားပြောကြားရာတွင်  နိုင်ငံတော်၏ လက်ရှိ အခြေအနေ၊ ပကတိအနေအထား၊ မီဒီယာများ၏ အခန်းကဏ္ဍ၊ နိုင်ငံတော်နှင့် ပြည်သူအတွက် သတင်း မှန်ပြန်ကြားရေး လုပ်ဆောင်ပေးနိုင်မည့် အခြေအနေ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သတင်းမီဒီယာများအား စတုတ္ထမဏ္ဍိုင်အဖြစ်  အလေးအနက်ထားမှု၊ နိုင်ငံပိုင် မီဒီယာ၊ ပုဂ္ဂလိကမီဒီယာများ အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနိုင် မှု၊ ပြည်သူအားလုံးလိုလားသည့် တည်ငြိမ်အေးချမ်း မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးနိုင်မည့်အခြေအနေ၊   သတင်းမီဒီယာဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ၊  သတင်းမီဒီယာသမားများအနေဖြင့် လည်း စောင့်ထိန်းရမည့် မီဒီယာကျင့်ဝတ်အတိုင်း လိုက်နာဆောင်ရွက်ကြရန်၊    နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိကမီဒီယာများအကြား အပြန်အလှန် နားလည် ယုံကြည်မှု၊ နိုင်ငံတော်နှင့် ပြည်သူအကျိုးကို ရှေးရှု ဦးတည်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ဆောင် နိုင်မည့်ကိစ္စရပ်များ၊  သတင်းမီဒီယာ ကိစ္စဆောင် ရွက်ရာတွင် အခက်အခဲနှင့် ကန့်သတ်ချက်များကို ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်မှု၊ သတင်းမီဒီယာ သမားများ       ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင်   ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးမှု၊ သတင်းမီဒီယာ သမားများအတွက် အချိန်မီသတင်းပြန်ကြားပေးနိုင် ရေး Viber Group ဖွဲ့ခြင်း၊ ပြောရေးဆိုခွင့်ရှိသူထားရှိဆောင်ရွက်ပေးခြင်းတို့ကို ယခင်ကထက် တိုးမြှင့် ဆောင်ရွက်ပေးခြင်းသည် ပြည်သူများသတင်းမှန်ရရှိ စေရန် ၊ မဟုတ်မမှန်သည့် သတင်းများ၊ ကောလာဟလ များ ဟန့်တားနိုင်မည်ဖြစ်ပြီး မီဒီယာကျင့်ဝတ်နှင့် အညီ ပါတီစွဲ၊ ဝါဒစွဲမရှိဘဲ အဖြူရောင်သက်သက် ဆောင်ရွက်သွားရန်လိုကြောင်း၊     သတင်းမီဒီယာ များ၏အခက်အခဲများကို ဥပဒေနှင့်အညီ ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးပြောကြားသည်။ 


ဆွေးနွေးပြောကြား


ထို့နောက် တက်ရောက်လာသည့် သတင်းမီဒီယာ သမားများက  သတင်းအမှားစီးဆင်းမှုများ တားဆီး ရေး၊ ပုဂ္ဂလိကမီဒီယာများ အားကောင်းစေရေး၊ သတင်း  ရယူရာတွင်  ကြုံတွေ့ရသည့်  အခက်အခဲများနှင့် သတင်းမီဒီယာသမားများ  အရည်အသွေးမြှင့်တင်ရေး တို့ကို   ဆွေးနွေးပြောကြားကြရာ   ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ခဲ့သည်။       


        သတင်းစဉ်