
ဖြူး အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှ ဒေသခံသတင်းမီဒီယာများ အနေ ဖြင့် သတင်းအမှား၊ သတင်းအတု ကိစ္စ၊ သတင်းမီဒီယာကျင့်ဝတ်များ လိုက်နာရန်ကိစ္စများ စသည်တို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီမှ တွေ့ဆုံဆွေးနွေး လမ်းညွှန်မှာကြားခြင်းနှင့် Press Helmet ဦးထုပ်၊ သတင်းမီဒီယာ ဥပဒေစာအုပ်များ အခမဲ့ဖြန့်ဝေ ခြင်း အခမ်းအနားကို ယမန်နေ့ က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအတွင်း ရေးမှူး ဦးမျိုးထွန်းက သတင်း အမှား၊ သတင်းအတုကိစ္စ၊ သတင်း မီဒီယာကျင့်ဝတ်များ လိုက်နာရန် ကိစ္စများနှင့် သတင်းမီဒီယာဥပဒေ ဆိုင်ရာများကို ရှင်းလင်းပြော ကြားပြီး တွဲဖက်အတွင်းရေးမှူး(၂) ဦးအောင်ပြည့်စုံက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ဒေသခံ သတင်းမီဒီယာများနှင့် တွေ့ဆုံရခြင်း ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားကာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်နွယ် နွယ်အေးက တက်ရောက်လာကြ သော သတင်းမီဒီယာသမားများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဒေသခံသတင်း မီဒီယာများက သတင်းများရယူရာ တွင် တွေ့ကြုံရသည့် အခြေအနေ များကို တင်ပြကြပြီး အတွင်းရေး မှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ပေါင်းစပ် ညှိနှိုင်းပေးကာ သတင်းမီဒီယာ ဥပဒေစာအုပ်၊ သတင်းမီဒီယာပုံရိပ် မှတ်တမ်းစုံစာတမ်းများ၊ သူတို့ ပြောသည့် မြန်မာ့သတင်းမီဒီယာ သမိုင်းစာအုပ်များနှင့် Press Helmet ဦးထုပ်များကို တက် ရောက်လာကြသည့် သတင်း မီဒီယာအဖွဲ့များထံ အခမဲ့ဖြန့်ဝေ ပေးသည်။
နေမျိုးလွင်(ပြန်/ဆက်)