၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန် လုပ်ကွက်အမှတ် M-9 နှင့် လုပ်ကွက်အမှတ် M-3 တို့တွင် Geotechnical Site Sruvey(GTI) and Associated Studies လုပ်ငန်းများအား Survey Vessel:MV.DP2 KEYFIELD HELMS ရေယာဉ်ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကို ဖော်ပြသည့် Coordinate များဖြစ်သော Point M3 ASK-12 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၅ မိနစ် ၅၈ ဒသမ ၆၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၀ မိနစ် ၁၀ ဒသမ ၈၃ စက္ကန့်၊ Point ZWP-16 (Zawtika- 25) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ် ၂၀ ဒသမ ၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၃ မိနစ် ၂၇ ဒသမ ၃၈ စက္ကန့်၊ Point ZWP-17(Zawtika-29) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၁ မိနစ် ၀၄ ဒသမ ၈၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၀ မိနစ် ၃၉ ဒသမ ၇၇ စက္ကန့်၊ Point ZWP-18 (Zawtika-14) မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၇ မိနစ် ဝ၀ ဒသမ ၁၆ စက္ကန့်၊ အရှေ့လောင်ဂျီ တွဒ် ၉၅ ဒီဂရီ ၄၆ မိနစ် ၀၅ ဒသမ ၅၂ စက္ကန့်၊ Point ZWP-19 (Zawtika-12) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ် ၁၇ ဒသမ ၃၁ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၆ မိနစ် ၃၅ ဒသမ ၇၉ စက္ကန့်နှင့် Point Zawtika-38 (Jacket Receiver) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၂ မိနစ် ၀၃ ဒသမ ၂ဝ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၅ မိနစ် ၃၉ ဒသမ ၄၈ စက္ကန့်တို့အတွင်းတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက် အမှတ်၊ M-9 နှင့် လုပ်ကွက်အမှတ် M-3 တို့တွင် Geote-chnical Site Sruvey(GTI) and Associated Studies လုပ်ငန်းများအား Survey Vessel: MV.DP2 KEYFIELD HELMS ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည့် တည်နေရာ များမှ ၄ ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန



