
ဘားအံ ဩဂုတ် ၃၁
ကရင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက် မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၉/၂၀၂၂) ကို ဩဂုတ် ၃၁ ရက် နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးတွင် ဩဂုတ် ၈ ရက်မှ ၁၀ ရက်ထိ ကျင်းပခဲ့သော ခြောက်လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်နှင့် သက်ဆိုင်သည့် အစည်းအဝေး ဆုံးဖြတ်ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး လုပ်ငန်းလမ်းညွှန် အနေဖြင့် ခံယူဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ပြည်သူများ အမှန်အတိုင်း သိရှိစေရေး၊ အသိပေးသင့်သည့် ကိစ္စရပ်များကို အချိန်မီသတင်း ထုတ်ပြန်အသိပေး ရေး၊ သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဆောင် ရွက်ရန်နှင့် နိုင်ငံပိုင်မီဒီယာများသာမက အခြား မီဒီယာများတွင်လည်း လိုအပ်သလို ထည့်သွင်း ဖော်ပြနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ စတင်ဆောင်ရွက်နိုင်သည့် အနေအထားသို့ ရောက်ရှိ လာပြီဖြစ်သည့်အတွက် သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာ အကြီး အကဲများအနေဖြင့် မိမိဌာန၏လုပ်ငန်းဆောင်တာ များအားလုံးကို သိရှိနားလည်အောင် ဆောင်ရွက်ပြီး တာဝန်နှင့်ဝတ္တရာများကို ကျေပွန်စွာထမ်းဆောင် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများက ယခင်အပတ် (၈/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီး မှုများကို ဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြပြီး ကရင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူမှုရေးဝန်ကြီး ဦးစိုးလွင်က မဲစာရင်းမှန်ကန်ရေးဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သတင်း ရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)