သတိပေးနှိုးဆော်ချက်

 

(၇၄)နှစ်မြောက်၊  လွတ်လပ်ရေးနေ့အခမ်းအနားကို  ၂-၁-၂ဝ၂၂ ရက်နေ့တွင်   အစမ်းလေ့ကျင့်ခြင်းအခမ်းအနားနှင့်   ၄-၁-၂ဝ၂၂ ရက်နေ့ ၀၄၀၀ အချိန်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည် ဖြစ်ရာ    အခမ်းအနားကျင်းပစဉ်အတွင်း   ပြည်လမ်းကို  ခေတ္တ ပိတ်ထားမည်ဖြစ်သဖြင့် ပြည်လမ်းအတိုင်း မြောက်မှတောင်ဘက် သို့    မောင်းနှင်သွားလာသောယာဉ်များသည်     မြေနီကုန်းမီးပွိုင့် တွင်    ညာဘက်သို့ ချိုးကွေ့၍    အောက်ကြည့်မြင်တိုင်လမ်းသို့ လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင် လာသောယာဉ်များသည်      ပြည်ထောင်စုရိပ်သာလမ်းဘက်သို့   ချိုးကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင် လမ်းသို့လည်းကောင်း ဆက်လက်မောင်းနှင်ကြပါရန် သတိပေး နှိုးဆော်အပ်ပါသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့