သထုံမြို့နယ်၌ (၈၄) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ

 

သထုံ    ဇန်နဝါရီ     ၂


(၈၄) နှစ်မြောက်   ကရင်နှစ်သစ် ကူး‌ပွဲတော်ကို       မွန်ပြည်နယ်    သထုံမြို့      သိမ်ကုန်းရပ်ကွက် ရှိ  သာသနာ့ဝုဒ္ဓိကျောင်းတိုက်၌ ယနေ့နံနက်က  မြို့နယ်အဆင့် အနေဖြင့်     ကိုဗစ်-၁၉   ကာလ စည်းကမ်းချက်များနှင့်    အညီ ကျင်းပသည်။

 


နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပ ခြင်းမှာ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများ   ချမှတ်ထားသည့် ရိုးရာဓလေ့များကို ဖော်ထုတ်သည့် အနေဖြင့်    ကျင်းပရခြင်းဖြစ်ပြီး လူငယ်များအနေဖြင့်    မိမိတို့၏ တိုင်းရင်းသားစာပေ၊     ဘာသာ စကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်ပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်း ထိန်းသိမ်းသွားစေ လိုကြောင်း  သထုံမြို့နယ်  ကရင် စာ‌ပေနှင့်     ယဉ်ကျေးမှုအဖွဲ့ဝင် တစ်ဦးက ပြောသည်။

 


နှစ်သစ်ကူးပွဲ‌တော်   ကျင်းပ ရာတွင် တက်ရောက်‌လာကြသည့် တိုင်းရင်းသားများက     ကရင် အမျိုးသားအလံတော်ကို  လွှင့်ထူ အလေးပြုခြင်း၊ သံဃာတော်များ ထံမှ   တရားနာယူပြီး   ဆွမ်းနှင့် လှူဖွယ်များ     ဆက်ကပ်လှူဒါန်း ခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်သည်။

 


သထုံမြို့နယ်၌       ကရင် တိုင်းရင်းသား   စုစုပေါင်း ၈၀၀၀၀ ဝန်းကျင်      နေထိုင်လျက်ရှိပြီး မြို့နယ်အဆင့်  ရိုးရာနှစ်သစ်ကူး ပွဲတော်ကို သထုံမြို့ပေါ်နှင့်  ကရင် တိုင်းရင်းသား   အများစုနေထိုင် သည့်    ကျေးရွာ   ၃၇  ရွာတို့တွင် အလှည့်ကျ       နှစ်စဉ်ပြုလုပ်ခဲ့‌ ကြောင်း၊      ယခင်နှစ်များက သက်ကြီးပူဇော်ပွဲ၊ ဒုံးယိမ်းပြိုင်ပွဲ များ၊      တိုင်းရင်းသူအလှမယ် ရွေးချယ်ခြင်း၊   ရိုးရာလက်ဝှေ့ပွဲ၊ ဇာတ်သဘင်၊ စတိတ်ရှိုးဖျော်ဖြေပွဲ များ၊    ပြခန်းများနှင့်   စတုဒိသာ ကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပခဲ့ကြောင်း  မြို့နယ်ကရင် စာပေနှင့်   ယဉ်ကျေးမှုအဖွဲ့ထံမှ သိရသည်။


ခရိုင်(ပြန်/ဆက်)