
သံတွဲ စက်တင်ဘာ ၉
သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက် ရာတွင် ဝန်ထမ်းတစ်ဦးချင်း အရည်အသွေး တိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း ကို ယနေ့နံနက် ၉ နာရီက သံတွဲခရိုင် လူထု အခြေပြုဗဟိုဌာန (Community -Centre) ၌ ကျင်းပသည်။
ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်း ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရာထူးဝန် အဖွဲ့ က ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးစာရေးသားနည်းနှင့် ရုံးလုပ်ငန်းဆိုင်ရာများကို သင်ကြားပို့ချပေးသည်။ သင်တန်းသို့ သံတွဲခရိုင် အတွင်းရှိ မြို့နယ်၊ မြို့ရုံးများမှ ဝန်ထမ်း ၁၃ ဦး တက်ရောက်လျက်ရှိပြီး စက်တင်ဘာ ၁၁ ရက် အထိ ဖွင့်လှစ်မည်ဖြစ်သည်။
ခရိုင် (ပြန်/ဆက်)