သန့်ရှင်းသာယာသော မြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းမှုဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ဆောင်ရွက်

နေပြည်တော် စက်တာဘာ ၁၀ ယခုအချိန်အခါတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်း လုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ဒေသခံပြည်သူများအားလုံး က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ် ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင် လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာ လှပရေးကို အားတက်သရော ဆောင်ရွက် လျက်ရှိသည်။ ချုံနွယ်ရှင်း၊ ခြင်ဆေးဖျန်း ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် အပါအဝင် မြို့နယ် ရှစ်မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အပါအဝင် မြို့နယ် သုံးမြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နှင့် မိုင်းရယ်မြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်း မြို့အပါအဝင် မြို့နယ်လေးမြို့နယ် တို့၌လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး တိုက်ကြီးခရိုင်ရှိ မြို့နယ် တစ်မြို့နယ်၊ မှော်ဘီခရိုင်ရှိ မြို့နယ် နှစ်မြို့နယ်၊ လှည်းကူး ခရိုင်ရှိ မြို့နယ် တစ်မြို့နယ်၊ မင်္ဂလာဒုံခရိုင်ရှိ မြို့နယ် နှစ်မြို့နယ်၊ အင်းစိန်ခရိုင်ရှိ မြို့နယ် သုံးမြို့နယ်၊ မရမ်းကုန်းခရိုင်ရှိ မြို့နယ် သုံး မြို့နယ်၊ အလုံခရိုင်ရှိ မြို့နယ် သုံး မြို့နယ်၊ ကျောက်တံတားခရိုင်ရှိ မြို့နယ် ငါးမြို့နယ်၊ ဒဂုံမြို့သစ် ခရိုင်ရှိ မြို့နယ် လေးမြို့နယ်၊ သင်္ဃန်းကျွန်း ခရိုင်ရှိ မြို့နယ် လေးမြို့နယ်၊ တွံတေးခရိုင်ရှိ မြို့နယ် ငါးမြို့နယ်၊ ဗိုလ်တထောင် ခရိုင်ရှိ မြို့နယ် ငါးမြို့နယ်၊ ကမာရွတ်ခရိုင်ရှိ မြို့နယ် နှစ် မြို့နယ်၊ သန်လျင်ခရိုင်ရှိ မြို့နယ် ငါးမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ လည်း ကောင်း၊ ရခိုင်ပြည်နယ် စစ်တွေ မြို့အပါအဝင် မြို့နယ် ကိုးမြို့နယ် တို့၌ လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်နှင့် ချင်းပြည်နယ် မတူပီမြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ်အပါအဝင် မြို့နယ် ၁၁ မြို့နယ်နှင့် မကွေးတိုင်းဒေသ ကြီး မကွေးမြို့တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင် ပြည်နယ် သံတောင်ကြီးမြို့တို့၌ လည်းကောင်း ဘုရား၊ စေတီပုထိုး များ၊ ဌာနဆိုင်ရာ အဆောက်အဦ များ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာ ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ချုံနွယ်၊ ပေါင်းမြက် များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီး ရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေး ခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်း တို့ကို ဆောင်ရွက်ပေးသည်။ ကြည့်ရှုအားပေး ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်