သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလယ်ဘုရားပွဲသို့ လာရောက်သည့် ဘုရားဖူးပြည်သူ ၁၅ ဦး ရေနစ်သေဆုံး

 

သံဖြူဇရပ်  နိုဝင်ဘာ  ၂၁


 မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌   နှစ်စဉ်ကျင်းပမြဲဖြစ်သည့်      အံခဲ ကျေးရွာနှင့် ဝဲကလောင်းကျေးရွာ ကြားရှိ   ကျိုက်နဲရေလယ်ဘုရား ပွဲတော်   ကျင်းပနေစဉ်   ယနေ့ နံနက် ၈ နာရီခန့်က   ရေလယ် ဘုရားသို့ လာရောက်ဖူးမြော်သည့်   ဘုရားဖူးပြည်သူများ  စည်ကား လျက်ရှိရာ  ဘုရားဖူး ပြည်သူများဘုရားသို့    သွားရောက် သော  ရေလယ်နတ်လမ်း  ရေကျ သည့်အချိန်ကို  စောင့်ဆိုင်းမှုမရှိဘဲ တစ်ဦးနှင့်တစ်ဦး   တိုးကြိတ်၍ အလုအယက်    သွားရောက်မှု ကြောင့်     ဘုရားဖူးပြည်သူအချို့ ပင်လယ်အတွင်းသို့   ပြုတ်ကျ၍ ရေနစ်သေဆုံးကြောင်း သိရသည်။

 


       အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍   ပင်လယ်အတွင်းသို့   ပြုတ်ကျသွား သည့်   ပြည်သူအချို့အား  သံဖြူ ဇရပ်မြို့နယ်     အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့်     တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး  အသင်းများ မှ    စက်လှေများဖြင့်   ရှာဖွေ ကယ်ဆယ်ရေး     လုပ်ငန်းများ ဆက်လက်    ဆောင်ရွက်ကြရာ  သေဆုံးသူ   သံဃာတစ်ပါး   အပါ အဝင် အမျိုးသားသုံးဦး၊အမျိုးသမီး ၁၂ ဦး  ​ စုစုပေါင်း ၁၅   ဦး  သေဆုံးကြောင်းသိရှိသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများ     ဆောင်ရွက်နေ ကြောင်းနှင့်    သေဆုံးသူများ၏ ရုပ်အလောင်းများအား  ပိုင်ရှင်များ ထံသို့    စနစ်တကျ   လွှဲပြောင်း ပေးအပ်ပြီး သံဖြူဇရပ်မြို့မရဲစခန်း တွင် သေမှု၊ သေခင်း    အမှုဖွင့်လှစ် နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း  သိရသည်။


     မြို့နယ်(ပြန်/ဆက်)