
သံဖြူဇရပ် ဇန်နဝါရီ ၉
သံဖြူဇရပ် မြို့နယ် ဇီဝိတဒါနဆေး အလှူတော်ရုံ၏ ဦးစီးပဓာနနာယ က ဆရာတော် ဘဒ္ဒန္တဓမ္မပီယ (အရှင်သုည)၏ သက်တော် ၅၀ ပြည့် (ရွှေရတု) ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနား နှင့် ကျောက်ကပ်တုသွေးသန့်စင် ဌာနဖွင့်ပွဲကို ဇန်နဝါရီ ၈ ရက်က ကျင်းပရာ ကျောက်ကပ်တုသွေး သန့်စင်ဌာနကို ဆရာတော် ဘဒ္ဒန္တ ဓမ္မပီယ (အရှင်သုည) နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖွင့် လှစ်ပေးပြီး ဆေးရုံတွင် လူနာ များအား ကျောက်ကပ်ဆေးပေး နေမှုကို ကြည့်ရှုအားပေးသည်၊၊
အဆိုပါ ဇီဝိတဒါန ဆေးအလှူ တော်ရုံတွင် ဆရာတော်၊ သံဃာ တော်များ၊ သက်ဆိုင်ရာ တာဝန် ရှိသူများ၊ စေတနာရှင်၊ အလှူရှင် များက အများပြည်သူကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ လိုအပ် သည်များကိုလည်း ပြည်နယ် အစိုးရအဖွဲ့က ဖြည့်ဆည်းဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရ သည်။
ပြည်နယ် ဝန်ကြီးချုပ်သည် သံဖြူဇရပ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ကျိုက္ခမီ-ကဒတ်ထောက်-ကရင် သောင်-စက်စဲ ကမ်းခြေပတ်လမ်း ခင်းနေမှု၊ မုဒုံမြို့နယ် ဆက်သွယ် ကျေးရွာအဝင် လမ်းခင်းနေမှုတို့ ကိုလည်း ကြည့်ရှုစစ်ဆေး၍ ကျေးလက်နှင့်မြို့ပြ ဟန်ချက်ညီ စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက် ကြရန်နှင့် လုပ်ငန်းများ စံချိန် စံညွှန်းပြည့်မီရေး ကြပ်မတ် ဆောင်ရွက်ကြရန် မှာကြားခဲ့ သည်။
မြို့နယ်(ပြန်/ဆက်)