သင်္ကြန်ကာလ စားသုံးဆီဖူလုံရေး တင်သွင်းလာသည့်သင်္ဘော ရန်ကုန်ရောက် တန်ချိန် ၇၅၀၀၀ ခန့်ဖြင့် စားဆီဖူလုံရေးစီစဉ်ထား

 

ရန်ကုန်     ဧပြီ    ၁


မြန်မာနိုင်ငံတွင်  သင်္ကြန်ကာလအတွင်း  စာသုံးသူပြည်သူများ  စားသုံးဆီများ  ဖူလုံမှုရှိစေရန်အတွက်  အင်ဒိုနီးရှားနိုင်ငံမှ စားသုံးဆီများ  တင်ဆောင်လာသော  ဗီယက်နမ်နိုင်ငံပိုင်   M/T TRACY  စားသုံးဆီတင်သင်္ဘောကြီးသည်   ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး  ကြည့်မြင်တိုင်မြို့နယ်ရှိ မြန်မာနိုင်ဂရုဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာရာ  စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်   မြန်မာနိုင်ငံ   ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ     တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။

 


ဆီတင်သင်္ဘောကြီး ရန်ကုန်မြို့သို့ ရောက်ရှိလာမှု  နှင့်စပ်လျဉ်း၍    မြန်မာနိုင်ငံဆီကုန်သည်နှင့်   ဆီ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ       ဦးဆန်းလင်းက   “စားသုံးဆီဖူလုံအောင်   ကျွန်တော်တို့    ဆောင်ရွက် နေပါတယ်။ ဒီနေ့ဆီသင်္ဘောတစ်စင်းရောက်တယ်။ စားသုံးဆီတွေ    ရောက်ရင် MITS ရယ်၊   စားသုံးသူ ရေးရာရယ်၊   ကျွန်တော်တို့ဆီအသင်းရယ်၊   အခြား ပူးပေါင်းအဖွဲ့တွေလာပြီးတော့       ဒီစားသုံးဆီဟာ  ကျန်းမာရေးနဲ့   ညီညွတ်တဲ့   စားသုံးဆီတွေ   ဟုတ်၊ မဟုတ်၊    စားသုံးဆီအရည်အသွေး   သတ်မှတ်စံချိန် စံညွှန်း   ကိုက်ညီမှု ရှိ၊  မရှိတွေကို   တိုင်းတာစစ်ဆေး တယ်၊  တိုင်းတာစစ်ဆေးပြီးတော့မှ   ဆီကန်တွေထဲ စနစ်တကျထည့်တယ်”။

 


“သင်္ကြန်ကာလမှာတော့   အခုလောလောဆယ် လက်ကျန်စားသုံးဆီ   တန် ၃၀၀၀၀ ရှိတယ်။   အခု သင်္ကြန်မတိုင်မီမှာ သင်္ဘောရှစ်စင်းနဲ့ တန်ချိန် ၃၅၀၀၀ ခန့် ထပ်ရောက်ဖို့ရှိပါတယ်။ အားလုံးပေါင်း တန်ချိန် ၆၅၀၀၀     သင်္ကြန်ပြီးတဲ့အခါမှာ      သင်္ဘောနှစ်စင်း ထပ်ရောက်မယ်။  တန်ချိန်   ၁၁၀၀၀၊   အားလုံးပေါင်း တန်ချိန်   ၇၅၀၀၀၊   ၇၆၀၀၀   လောက်ရှိတဲ့အတွက် ကြောင့် ဧပြီလမှာတော့  သင်္ကြန်အတွင်း   အခါကြီး ရက်ကြီးတွေမှာ အလှူအတန်းတွေလည်းများတယ်။ စားသုံးသူတွေကို အလုံအလောက် စားသုံးနိုင်အောင် အတွက် တင်သွင်းထားပါတယ်။ ဆီတန်ချိန် ၇၅၀၀၀ ဆိုတာ    အရင်ကာလတွေထက်ကို    ကျွန်တော်တို့ ပိုသွင်းပြီးတော့ ဖူလုံအောင်ဆောင်ရွက်ထားတယ်”။ 

 


“စားသုံးဆီတင်သွင်းမှုပိုင်းကတော့ စားသုံးဆီကို ပြည်သူတွေအတွက်     ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီဖြစ်ရမယ်။  စားသုံးသူများထံကို    သင့်တင့် မျှတတဲ့ဈေးနှုန်းနဲ့ ရောင်းချနိုင်ဖို့အတွက်ကို ကျွန်တော်  တို့အသင်းအနေနဲ့   စီစဉ်ဆောင်ရွက်တယ်။   ဖူလုံမှုရှိ အောင် ကျွန်တော်တို့ အထူးကြပ်မတ်စီစဉ်ဆောင်ရွက် နေပါတယ်”။ 

 


“ဈေးကားတွေကတော့   အခြေခံစားသုံးသူတွေ လက်ထဲကို    တိုက်ရိုက်ရောက်အောင်    စားသုံးဆီ ဝယ်ယူရတဲ့အခါမှာ အခက်အခဲမရှိအောင်  စျေးတွေ၊ လူစည်ကားတဲ့နေရာတွေ ၊ မြို့နယ်တော်တော်များများ မှာ တစ်နေ့ကို စျေးကားအစီး ၇၀ လောက်နဲ့ လိုက်လံ ရောင်းချပေးပါတယ်။  ဒီအပေါ်မှာလည်း  ကျွန်တော် တို့အနေနဲ့   အားလုံးကိုရစေချင်ပါတယ်။   သို့ပေမယ့် လည်း   စျေးကားရောက်တဲ့နေရာလောက်ပဲ   ရောင်း ပေးရတဲ့အတွက်      အချို့မရတဲ့     နေရာလေးတွေ လည်းရှိပါတယ်။ ဒါပေမယ့် နောက်နေ့ နောက်နေ့တွေ  မှာလည်း   အလှည့်ကျ  တစ်နေရာတည်းမဟုတ်ဘူး နေရာစုံမှာလိုက်ပြီးတော့    ရောင်းနိုင်အောင်   စီစဉ် ဆောင်ရွက်နေပါတယ်။   တိုင်းနှင့်    ပြည်နယ်တွေမှာ လည်းဒီလိုပဲ စျေးကားတွေ ထွက်ဖို့အတွက်ကိုလည်း စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ပြောကြားသည်။ 

 


ထို့နောက်   ရန်ကုန်တိုင်းဒေသကြီး   စားသုံးသူ ရေးရာဦးစီးဌာန     တိုင်းဦးစီးမှူး    ဦးရဲထွဋ်နိုင်က “စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး ကြီးကြပ်  ရေးကော်မတီအနေနဲ့     စားသုံးဆီတင်သွင်းတာတွေ၊ သိုလှောင်တာတွေ၊   ဖြန့်ဖြူးတာတွေကို   ကြီးကြပ် တာတွေရှိတယ်။          အဲဒီကြီးကြပ်နေတဲ့အပိုင်းမှာ     ရုံးပိတ်ရက်ကာလတွေ         ဆီပြတ်လပ်မှုမရှိအောင် ကျွန်တော်တို့ ဆောင်ရွက်နေတယ်ဆိုတဲ့ အပိုင်းလေး ကို သိစေချင်လို့ဖြစ်ပါတယ်”။

 


“အဓိကကတော့ စျေးကွက်လိုအပ်ချက်ကိုကြည့် တယ်။     စျေးကွက်လိုအပ်ချက်ကို    ကြည့်ပြီးတော့ လိုအပ်တဲ့စျေးကွက်ပြည့်မီအောင်  ဖြန့်ဖြူးတဲ့အပိုင်း ကို   ကြီးကြပ်တာဖြစ်ပါတယ်။   နောက်တစ်ခုကကြ တော့   ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ် အောင်   ဖြန့်ဖြူးတဲ့အပိုင်း  သယ်ဆောင်တဲ့အပိုင်းမှာ ပီပါတွေပုံးတွေနဲ့သယ်ဖို့ စနစ်တကျ ရှိ၊ မရှိ၊ သန့်ရှင်း  မှုရှိ၊ မရှိ ကြီးကြပ်တယ်။ ပြီးလို့ရှိရင်ဖြန့်ဖြူးတဲ့ နေရာ ကနေ  သက်ဆိုင်ရာနေရာကို အမှန်တကယ်ရောက်ရှိ လား၊ မရောက်ဘူးလား၊  စျေးကွက်ထဲမှာ ဖြန့်ဖြူးမှုရှိ လား၊   မရှိလားဆိုတဲ့ဟာတွေကို   အဓိကကြီးကြပ် တဲ့အပိုင်း ဆောင်ရွက်တာဖြစ်ပါတယ်”။

 


“ကျွန်တော်တို့က ဖြန့်ဖြူးတဲ့အပိုင်းပေါ့။ ပြည်သူ  တွေကိုရောင်းချတဲ့အပိုင်းမှာတော့ တိုင်းနှင့် ပြည်နယ်  အလိုက်ပေါ့။  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များ အသင်းရယ်၊   ကျွန်တော်တို့ဌာနနဲ့   ပူးပေါင်း ပြီးတော့မှ       စျေးကားနဲ့      ဖြန့်ဖြူးတာတွေရှိတယ်။ အဓိကက     စျေးကားတွေနဲ့    ဖြန့်ဖြူးတာတွေကို ကျွန်တော်တို့ကြီးကြပ်ပါတယ်။  ပြီးရင်  ဆီကုန်သည် တွေကနေဆီတွေကို သက်ဆိုင်ရာနယ်တွေကို ရောက်  မရောက်စျေးကွက်ထဲမှာ ဖြန့်ဖြူးမှုရှိ၊ မရှိ၊ စျေးကစား ဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာတွေ၊  ဖြန့်ဖြူးတာ တွေ၊  စျေးမြှင့်တင်ဖို့ရည်ရွယ်ချက်တွေနဲ့ သိုလှောင် တာတွေ  ဖြန့်ဖြူးတာတွေ ရှိ၊ မရှိကို   ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟုပြောသည်။

 


မြန်မာနိုင်ငံတွင်      ဆီစားသုံးသူပြည်သူများ အတွက် စားသုံးဆီလက်ကျန် သုံးသောင်းကျော်ခန့် ရှိပြီး  သင်္ကြန်မတိုင်မီ ဆီတင်သင်္ဘောကြီးရှစ်စင်းဖြင့်  ဆီတန်ချိန် ၃၅၀၀၀  ထပ်ရောက်မည်ဖြစ်ပြီး  သင်္ကြန် ကာလပြီးလျှင်လည်း ဆီသင်္ဘောကြီးနှစ်စင်းဖြင့် ဆီ  တန်ချိန် ၁၁၀၀၀ ကျော် ထပ်မံရောက်ရှိလာမည်ဖြစ်ရာ  စုစုပေါင်းဧပြီကာလအတွင်း ဆီတန်ချိန် ခုနစ်သောင်း  ၆ထောင်ခန့်ရှိမည်ဖြစ်၍    ဆီစားသုံးသူပြည်သူများ အဆင်ပြေစွာ စာသုံးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့်    ဆီလုပ်ငန်းရှင်များအသင်းမှ သိရ  သည်။              


 သတင်းနှင့် ဓာတ်ပုံ - ကိုကိုဇော်(MNA)