သန်လျင် ဖေဖော်ဝါရီ ၂၁
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်) တွင် မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ်နှင့် ပူးပေါင်းဖွင့်လှစ်သည့် Zumba ကိုယ်ကာယကြံ့ခိုင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာ ရီရီဝင်း တက်ရောက်၍ သင်တန်း ဆင်းအမှာစကား ပြောကြားသည်။
ယင်းနောက် Zumba ပြိုင်ပွဲဝင် သင်တန်းသား၊ သင်တန်းသူ အဖွဲ့ လေးဖွဲ့အား အကဲဖြတ်ဒိုင်အဖွဲ့ ဒိုင်ချုပ် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ညိုက ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများနှင့် အမှတ်ပေး စည်းမျဉ်းများ ရှင်းလင်းပြောကြား ပြီး Zumba ပြိုင်ပွဲဝင်သင်တန်း သား၊ သင်တန်းသူအဖွဲ့ လေးဖွဲ့က အဖွဲ့လိုက် ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး အေရိုးဗစ်အသင်းမှ မသဲစုက တစ်ကိုယ်တော်စွမ်းရည် သရုပ်ဖော်ပြသခဲ့သည်။ ယင်း နောက် သင်တန်းသား၊ သင်တန်း သူများအား မြန်မာနိုင်ငံ အမျိုး သမီး အားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်ညိုက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ရာသင်တန်း သား သင်တန်းသူများ ကိုယ်စား အဖွဲ့ခေါင်းဆောင်များက လက်ခံရ ယူကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အဖွဲ့များ အား ဆုများချီးမြှင့်ရာ နှစ်သိမ့်ဆု ရရှိသည့် အဖွဲ့နှစ်ဖွဲ့အား ဒုတိယ ပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်း နှင့် ဒုတိယဆုနှင့် ပထမဆုရရှိ သည့် အဖွဲ့များအား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဂုဏ်ပြုဆု ငွေများ ပေးအပ်ချီးမြှင့်သည်။ အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ ၁၄ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်ခဲ့ ပြီး သင်တန်းသား သင်တန်းသူ ၁၀၈ ဦး တက်ရောက်သည်။
သတင်းစဉ်



