စစ်ကိုင်း ဖေဖော်ဝါရီ ၁၁
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) တည် ထောင်သောနေ့ (၁၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ်၌ ကျင်းပရာ ရှေးဦးစွာ သံဃာတော် များအား အရုဏ်ဆွမ်းနှင့် လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး နေ့လယ်ပိုင်းတွင် ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ သည်။
ဂုဏ်ပြုဆုပေးပွဲတွင် ပါမောက္ခ ချုပ် ဒေါက်တာမို့မို့ရီက တက္ကသိုလ် အစဉ်ထာဝရ ဖွံ့ဖြိုးတိုးတက်ရေး၊ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရေးနှင့် ဆရာ ဆရာမ၊ ဝန်ထမ်းများ၊ မိမိတို့ကျရာတာဝန်ကို စည်းလုံး ပျော်ရွှင်စွာ ဆောင်ရွက်သွားကြ ရန်နှင့် တက္ကသိုလ်၏ အစဉ်အလာ ကောင်းများကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်း ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) ရရှိသည့် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်က ချီးမြှင့်သည့် ဇေယျာ စီမံထူးချွန်ဆု (ဒုတိယအဆင့်) ရရှိသည့် ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဝင်းနိုင်ထွန်း၊ ပြည်သူ့ ဝန်ထမ်းကောင်းဆု ရရှိသည့် အရာထမ်း၊ အမှုထမ်း သုံးဦး၊ သုံးနှစ်ဆက်တိုက် မည်သည့်ခွင့် အမျိုးအစားမျှ ခံစားခြင်းမရှိသည့် အရာထမ်း၊ အမှုထမ်း လေးဦး၊ စစ်ကိုင်းတိုင်းဒေသကြီး အဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ၊ ဝါသနာရှင်(ဒုတိယတန်း) တတိယဆုရရှိသူတစ်ဦး၊ ၂၀၂၂ ခုနှစ် အတွင်း မည်သည့်ခွင့်အမျိုးအစား မျှ ခံစားခြင်းမရှိသည့်ဝန်ထမ်း ၂၉ ဦး၊ ရိုးသားစွာ တာဝန်ထမ်းဆောင် ခဲ့သည့် ဝန်ထမ်းနှစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ သည်။
သတင်းစဉ်



