သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊   သမဝါယမ ဦးစီးဌာနသည် တောင်ကြီး၊ မကွေး၊  ပုသိမ်၊ မော်လမြိုင်၊ မန္တလေး မြို့ကြီးများတွင် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ တစ်ပြိုင် နက်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အနည်းဆုံး အခြေခံပညာ အဋ္ဌမတန်းအောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူ များကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်စေရန်၊   သမဝါယမကောလိပ်များမှတစ်ဆင့်   သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက် သင်ယူနိုင်မည်ဖြစ်ပါသည်။ သင်တန်းကာလမှာ ၂ နှစ်ဖြစ်ပြီး သင်တန်း ကာလအတွင်း သင်တန်းသားတစ်ဦးစီအတွက် စားသောက်စရိတ်များ၊ ၀တ်စုံစရိတ်များ၊ ဖျာနှင့်ခြင်ထောင်များ၊   ပုံနှိပ်စာအုပ်နှင့်  စာရေး ကိရိယာများကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပြီး နယ်ဝေးမှ လာရောက် သူများကို အဆောင်စီစဉ်ပေးမည်ဖြစ်ပါသည်။    အောက်ဖော်ပြပါ သင်တန်းကျောင်းများတွင် တက်ရောက်နိုင်ပါကြောင်း သမဝါယမ ဦးစီးဌာနက အသိပေးကြေညာထားသည်။
    á     သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)  ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်တော်သာ ရပ်ကွက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။
    á     သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး) မကွေးဘူတာတောင်ဘက်၊ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီး၊ မကွေးမြို့။
    á     သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)မြက်တိုလမ်းဆုံအနီး၊ ဧရာ၀တီတိုင်းဒေသ ကြီး၊ ပုသိမ်မြို့။ 
    á    သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)  အရာတော်လမ်း၊     မောင်ငံရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။ 
    á     သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မန္တလေး) အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ - ၂၆ လမ်း ကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။