
နေပြည်တော် စက်တင်ဘာ ၂
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှု အရ နေပြည်တော်သို့ ရောက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက် ခဲ့သည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ ရှမ်းပြည်နယ် တာချီလိတ်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်။
အဆိုပါ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်း ရေး ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနု ပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများ က “ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး ၏ ဆန္ဒအစစ်အမှန် ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံ သားအားလုံး၏ ဆန္ဒအမှန်ဖြစ် သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်း ဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ” စသည့် စာသားပါ ဆိုင်းဘုတ် များ ကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော် အလံငယ်များ ကိုင်ဆောင်၍ လည်းကောင်း နေပြည်တော်လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ထို့နောက် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်း ရေး ကိုယ်စားလှယ်အဖွဲ့သည် တာချီလိတ်မြို့သို့ ရောက်ရှိရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တာချီလိတ်တပ်နယ်မှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေး အဖွဲ့အစည်းများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကို လိုလားကြသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထောက်ခံပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို ထောက်ခံပါ သည်” စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ တာချီလိတ်လေဆိပ်တွင် ကြိုဆို ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်