
ရန်ကုန် ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ကြီးမှူး၍ ရွှေသံလွင်မီဒီယာက စီစဉ်ကျင်းပမည့် SKYNET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးတွင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၊ မြန်မာ နိုင်ငံရှိ နာမည်ကျော်ပိုက်ကျော်ခြင်း ကစားသမားများ ပါဝင်မည်ဖြစ်ကြောင်း ယနေ့မွန်းလွဲ၂ နာရီက တာမွေ မြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဠ်တင်၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
ပထမဆုံးအကြိမ် စီစဉ်ကျင်းပသည့် SKYNET ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးကို မြန်မာ နိုင်ငံရှိ နာမည်ကျော်ပိုက်ကျော်ခြင်းကစားသမား၊ ၂ဝ၂၃ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကြီး ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်ကစားသမားများ၊ လူငယ်ပိုက်ကျော် ခြင်းကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၌ ပြိုင်ပွဲအမျိုးအစား သုံးမျိုးဖြစ် သည့် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲများ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း လေးသင်း၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် အသင်း ခြောက်သင်း၊ အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း ခြောက်သင်း ယှဉ်ပြိုင် ကြမည်ဖြစ်ကာ စုစုပေါင်းပွဲစဉ် ၂၅ ပွဲကျင်းပမည်ဖြစ် ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက် ၂၈ ရက်အထိ တာမွေမြို့နယ် အရှေ့မြင်းပြိုင် ကွင်းလမ်းရှိ ရွှေထွဋ်တင်၌ ညနေ ၅ နာရီခွဲမှ ည ၈ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း၊ SKYNET SPORTS- 4 ၊ SKYNET SPORTS-HD ရုပ်သံလိုင်း များမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း၊ လာရောက်ကြည့်ရှုလိုသည့် ပရိသတ်များအား ဝင်ကြေး ကျပ်ငါးထောင် သတ်မှတ်ထားကြောင်း သိရသည်။
အာကာစိုး