
နေပြည်တော် အောက်တိုဘာ ၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှု ဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေး သည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၂၁၃ ဆိုင်တွင် Ron92 လီတာ ၆၃၄၀၇၄၀၊ ဒီဇယ် ၆၂၄၁၃၂၃ လီတာ နှင့် Premium ဒီဇယ် ၅၇၉၃၅၅၆ လီတာတို့ ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်သည်။
တိုင်းဒေသကြီး / ပြည်နယ်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင် လိပ်စာများကို ကြေညာခဲ့ပြီး ဖြစ်သည်။
ပြည်သူများအနေဖြင့် စက်သုံးဆီများကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ် စက်သုံးဆီ အရောင်းဆိုင်များတွင် အောက်ဖော် ပြပါ ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း ၀၉-၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ်တိုင်ကြား နိုင်ကြောင်း သိရသည်။
သတင်းစဉ်