သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချသည့် အရောင်းဆိုင်များအား စက်သုံးဆီဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ရှောင်တခင်စစ်ဆေး

 

မန္တလေး  အောက်တိုဘာ   ၂


သက်သာသောဈေးနှုန်းဖြင့်     စက်သုံးဆီ ရောင်းချသည့်      အရောင်းဆိုင်များအား စက်သုံးဆီဈေးကွက် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့က ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းများ      ဆောင်ရွက်လျက်ရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး  စားသုံးသူ ရေးရာဦးစီးဌာနမှ သိရသည်။


စက်သုံးဆီဆိုင်များ ရောင်းချနေမှုအပေါ် မန္တလေးတိုင်းဒေသကြီး     အစိုးရအဖွဲ့မှ ဈေးကွက်စောင့်ကြည့်   စစ်ဆေးကြပ်မတ် ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအား ဦးဆောင်စေ၍ ဖွဲ့စည်းပေးခဲ့ပြီး အဖွဲ့ဝင်များ အဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊    မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (MRCCI)တို့နှင့် ပူးပေါင်းဖွဲ့စည်း ထားသည်။


“တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များရှိ စက်သုံးဆီဆိုင်တွေကို       ရှောင်တခင် ဝင်ရောက်ပြီး  သတ်မှတ်ဈေးနဲ့  ရောင်းချမှု ရှိ/မရှိ၊ အချင်အတွယ် မှန်ကန်မှု ရှိ/မရှိ တို့ကို မြေပြင်ကွင်းဆင်း         စစ်ဆေးတာတွေကို စက်တင်ဘာ ၂၆ ရက်ကစပြီး ဆောင်ရွက်နေ ပါတယ်။   စက်သုံးဆီတွေကို  သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့အတွက် ကုန်ဈေး နှုန်း     မြင့်တက်မှုကို   အထိုက်အလျောက် ကာကွယ်နိုင်မယ်။ စက်သုံးဆီဟာ သယ်ယူ ပို့ဆောင်ရေးကဏ္ဍမှာ အဓိကကျပြီး အခြေခံ လုပ်သားတွေနေ့စဉ် လုပ်ငန်းခွင်သွားလာရာ မှာရော၊ ကုန်စည်စီးဆင်းမှုမှာရော၊ ပြည်သူ လူထုလူမှုဘဝမှာရော အထိုက်အလျောက် အကျိုးဖြစ်ထွန်းစေပါတယ်။   ရှောင်တခင် ကွင်းဆင်းစစ်ဆေးတာတွေကို  ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု မန္တလေးတိုင်းဒေသ ကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးမြင့်ဇော်ဦးက ပြောသည်။


ဗဟိုဘဏ်မှရောင်းချပေးသော   အမေ ရိကန်ဒေါ်လာနှင့် ညီမျှသည့် စက်သုံးဆီဆိုင် များကို တိုင်းဒေသ ကြီး၊ ပြည်နယ် ၁၀ ခုတွင် ကုမ္ပဏီ ၁၇ ခုမှ အရောင်းဆိုင် ၁၆၅ ဆိုင်အား သက်သာသော ဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရာတွင်    မန္တလေးတိုင်း ဒေသကြီး၌   စက်သုံးဆီဆိုင်ပေါင်း  ၆၅ ဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။      

မင်းထက်အောင်(မန်းကိုယ်ပွား)